Saturday 31 July 2010

အချိန်ကား (၁၉၉၄) ခုနှစ်။



ငွေကြာယံ စာသင်တိုက်က ဘုရားဆင်တုတော်ကို စစ်ခွေးတွေက ယခုလို ခေါင်းဖြတ်ခဲ့တာ

နေရာကား သန်လျင်တဘက်ကမ်း။

အကြော်သည် ဒေါ်အေးစိန်၏ အိမ်တွင် လူစည်ကားနေသည်။ ဖတဆိုးသားလေး
ကျော်စွာမင်း ဆယ်တန်းကို နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်သည်မို့
အခမ်းအနားလေးတခု ကျင်းပနေခြင်းဖြစ်သည်။ ရပ်ကွက်ထဲမှ လူအများကို
မုန့်ဟင်းခါးပွဲလေးနှင့် ဧည့်ခံနေရင်း ဒေါ်အေးစိန်ရင်ထဲတွင်
ဝမ်းနည်းဝမ်းသာခံစားနေရသည်။

ဘောလုံးသမား သူငယ်ချင်းများ


ဘောလုံးသမား သူငယ်ချင်းများ


မင်းကိုနိုင်

ပိုးကုန် အချိန်ကုန်

စောင်းတီးသင်ဖို့ အခွင့်မကြုံသမျှ

ငါတို့လက်တွေ

မိုးစက်တွေကို ဆုပ်ကိုင်

ကျောင်းခေါင်းလောင်းကို လှုပ်ယမ်းစေနိုင်ခဲ့။

ဂိုးအသွင်းမခံရဖို့

အနိုင်ဂိုးဖိသွင်းဖို့ 

ဘောလုံးကွင်းမရှိသေးတော့အတူ

အပြေးပဲ ကျင့်ခဲ့ကြပေါ့။

လေသွင်း လေထုတ်

အလုပ်နှစ်ခုပညာ

ပယောဂ မပါပဲ တတ်ခါစ...

တစ်ယောက်ဒဏ်ရာတစ်ယောက် လျှာနဲ့ လျှက်ပေးကြ

တစ်ယောက်ကွေးရင် တစ်ယောက် ထုရိုက်ဖြောင့်ပေးကြ

တကယ်ပါ ဒါတွေဟာ

ငါတို့ လျော်နိုင်လို့ အထိုးခံဝံ့တဲ့

လောင်းကြေးတွေပါ။

"တစ်သက် ထာဝရ သတိရနေမယ်"

အဲဒါတွေက

ငါတို့ လုသောက်နေကြ အုန်းမှုတ်ခွက်ကို

"ရွှေခွက်" လို့ လာရေးတဲ့ အက္ခရာတွေပါ။

တွေ့ ဆုံခွဲခွာ

မျက်နှာနှစ်ဘက်ပါတဲ့ အသပြာ တစ်ချပ်

ကိုယ်ကြိုက်ရာ ဝယ်စားတတ်ပြီးတဲ့အခါ

ချိုချဉ်ဖန်ခါး အသားတစ်ဆုပ် အရွက်တစ်ရာ

စားမြုံ့ ပြန်မယ်လုပ်ခါမှ

မှန်ထဲမှာငါ့ကိုယ်နဲ့ ဘယ်သူ့ မျက်နှာလဲ...

အလီတွေရွတ် ချွတ်ကြည့်လည်းမရ

ဂါထာတွေရွတ် ချွတ်ကြည့်လည်းမရ

ဘယ်သူ့ ပယောဂ လည်းဟေ့...

မဟုတ်ဘူး

ငါတို့ အတတ်ကြူး စွပ်ခဲ့ကြတာ။

ချွတ်မရတော့တဲ့ မျက်နှာဖုံးတွေအောက်

တစ်ယောက်မျက်နှာ တစ်ယောက်မမြင်

ခုတော့

တစ်ယောက်ဂိုးပေါက်ပဲ တစ်ယောက်မြင်

ရွှေဂိုးတွေ တစ်ဒိုင်းဒိုင်း ကန်သွင်းချင်နေကြတယ်။





ငါတို့တွေကိုက
တိုက်ဆင်တွေလို အရေထူဖို့ကြိုးစားနေရတာ
တိုက်ပွဲကြမ်းကဒဏ်ရာ အောင်ပွဲမှာပြကြေးကိုး။


(မျှော်လင့်ခြင်း ကဗျာမှ)



သိမ်မွေ့ခြင်းမှာလည်း ပြင်းထန်တဲ့ စွမ်းရည်တွေရှိတာ အကိုတို့ကိုက သက်သေပြခဲ့တာပါ...


ဘလော့ခ်ဂါ အလင်းဆက်

၃၁.ဇူလိုင်လ.၂၀၁၀

မွေးဖွားခြင်း နှစ် (၂၀)


မွေးဖွားခြင်း နှစ်(၂၀)
ဖိုးပါ (ဒေလီ)

အရေးတော်ပုံ အေင်ရမည်လို့ ကြွေးကျော်ခဲ့တာ အခုဆို နှစ်ပေါင်း (၂၀) ကျော်လာခဲ့ပါပြီ။ နှစ်ပေါင်း (၂၀) ကျော်မှာ ကြွေးကျော်သံက တခုတည်းပါပဲ။ ရည်မှန်းချက်ကလည်း တခုတည်းပါပဲ။ (အရေးတော်ပုံ အောင်ရမည်)။ ထိုင်းကအော်လည်း ဒီသံပဲ၊ အိန္ဒိယကအော်လည်း ဒီသံပဲ၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ အမေရိကန်၊ ကနေဒါ၊ သြစတေးလျ၊ နော်ဝေ၊ ဒိန်းမတ် မြန်မာတွေ အခြေချနေထိုင်ကြတဲ့ ပြည်ပနိုင်ငံပေါင်းစုံမှာ ကြွေးကျော်သံ ဒီတခုတည်းပါပဲ။ တမျိုးတော့ ထင်စရာရှိတယ်ပေါ့၊ တို့မြန်မာတွေ ညီညွတ်လိုက်ကြတာ ဘယ်နိုင်ငံရောက်ရောက် သဘောထားကတော့ ပြောင်းမသွားဘူး။ မထင်လိုက်ပါ့နဲ့၊ ငြိုငြင်ချင် ငြိုငြင်လိုက်ပါ။ ယုန်ထောင်ကြောင်မိ၊ ယုန်တောင်ပြေး ခွေးမြောက်လိုက် ဆိုသလိုပါပဲ။ ခါးတောင်းကျိုက်တခြား ဖင်တခြားပါ။

ထွက်လာတုန်းက ပါးစပ်တခု၊ ဖွားဖက်တော်တခုစီနဲ့။ ချမယ် နှက်မယ်၊ ထုမယ် ထောင်းမယ် အာဂသတ္တိခဲများတကားလို့ သြော်ချမလောက်ပါပဲ။ ကျောင်းသားဆိုတာ မမှန်တာမပြောဘူး၊ မဟုတ်တာ မလုပ်ဘူး။ ဒူးမထောက်ထူး၊ ခေါင်းမညိတ်ဘူး။ ဖြူစင်တယ်၊ ရိုးသားတယ်၊ မိဘပြည်သူကချစ်တယ်။ ဒါတွေဟာ ပုံပြင်မဟုတ်တာ သေချာပါတယ်။ အခုတော့ သားနဲ့ မယားနဲ့၊ ကျွေးနဲ့ ခွေးနဲ့ လုံးခြာလိုက်ပြီး မုံ့လုံးကို စက္ကူကပ်လိုက်၊ ဂျာအေးကိုသူ့အမေက ရိုက်လိုက်နဲ့ ဒီသံသရာ ချာချာလည်တုန်းပါပဲ။ တနည်းအားဖြင့် မျိုးဆက်ပွားတယ်လို့ပဲ ကင်ပွန်းတပ်ကြတာပေါ့။

Wednesday 28 July 2010

အိန္ဒိယအစိုးရမှ ပညာသားပါပါ ဆုံးမပေးလိုက်ပြီ။

အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ နအဖ လူသတ်ကောင် သံဃာသတ်သမား သန်းရွှေနဲ့  ကြိုင်ကြိုင်ဟာ အိန္ဒိယနိုင်ငံရဲ့  ခေါင်းဆောင်ကြီး အကြမ်းမဘက် ငြိမ်းချမ်းရေးဗိသုကာကြီး မဟတ္တမဂန္ဒီရဲ့  ဂူဗိမာန်ကို သွားရောက်ပြီး လွမ်းသူ့ ပန်းခွေချခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ သန်းရွှေနဲ့  ကြိုင်ကြိုင်တို့ ကို အိန္ဒိယနိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့ က ဂုဏ်မပြုဖြစ်ခဲ့ပါဖူး။ မိုးသဲကြီးမဲကြီး ရွာနေလို့ ဖြစ်ပါတယ်။ ဘယ်အညိုးနဲ့ များ မိုးက သဲကြီးမဲကြီး ရွာရတယ်လို့ ။

ဒီလို သန်းရွှေနဲ့  ကြိုင်ကြိုင်တို့  သွားရောက်ခဲ့တဲ့အတွက် အိန္ဒိယနိုင်ငံအစိုးရကနေ မဟတ္တမဂန္ဒီရဲ့  ထင်ရှားကျော်ကြားတဲ့ “"Seven Social Sins" ဆိုတဲ့ စာသားပါ ဖိုင်ဘာပြားပေါ်မှာ ပုံနှိပ်ထားတဲ့ စာသားလွှာကို လက်ဆောင်အဖြစ် သန်းရွှေနဲ့  ကြိုင်ကြိုင်တို့ က လက်ခံ ရရှိခဲ့ပါသတဲ့ဗျာ။




































ဒီလက်ဆောင်ကို လက်ခံရရှိချိန်မှာ သန်းရွှေနဲ့  ကြိုင်ကြိုင်ရဲ့  မျက်နှာဟာ အင်မတန်ဘဲ ဆိုးရွားသွားတာကို တွေ့ မြင်ရပါတယ်။ ဒီလက်ဆောင်ပါ စာသားအဓိပ္ပါယ်ကို သန်းရွှေနဲ့  ကြိုင်ကြိုင်တို့  အင်္ဂလိပ်လို နားမလည်ပါ။ ဒီလို စာသားအဓိပ္ပါယ်ကို နားမလည်တဲ့အနေအထားဖြစ်နေပေမယ့် သန်းရွှေနဲ့  ကြိုင်ကြိုင်ခမြာ တီကောင်ကို ဆားနဲ့  အတို့ ခံရသလို မကောင်းဆိုးရွားကောင်ကို ပရိတ်ရေထိသလို နာနာဘာဝကို လက်ဝါးကပ်တိုင်နဲ့  ကပ်လိုက်သလို ဖြစ်သွားတာမို့  ဒီလက်ဆောင်ကို လက်နဲ့ ယူပြီး လက်ခံလိုက်မိတဲ့အချိန်မှာ မူလရုပ်အသွင်တွေ ပေါ်ထွက်လာကာ ယုတ်မာကောက်ကျစ်ရိုင်းစိုင်းသောမျက်နှာအသွင်အပြင် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။



ပြောချင်လွန်းလို့ (မောင်ဝံသ)

လေ့လာဖို့ဖတ်သင့်တယ် ထင်တာလေးတွေ ကို ဒီတစ်ပတ် ပြည်သူ့ခေတ်ဂျာနယ်ကနေ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်

“ အသက်ရှင်ရကျိုးမနပ်ဘဲ နေရမယ့်အစား
သေရတာပဲ ကောင်းတယ် ” ဆိုတဲ့ စိတ်ဓါတ်ထားပြီး
အသက်ရှင်ရကျိုးနပ်မယ့် ဒီမိုကရေစီအကျိုးဖြစ်အောင် အားလုံးဝိုင်းဝန်းကြိုးစားကြပါ။ ”

ဒေါ်အောင်ဆန်းစုကြည်

(မောင်ဝံသ) ပြောချင်လွန်းလို့


စပိန်နိုင်ငံရဲ့ ပါတီစုံအတွေ့အကြုံ

“I'm still dead!”

Francisco Franco





(4 December 1892 – 20 November 1975)


ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီများ နယ်တွေဆင်းပြီး အဖွဲ့ဝင်တွေစုဆောင်းရေးလုပ်နြေ
ကတဲ့သတင်းတွေ ဖတ်ရတယ်။ တချို့လည်း အဆင်ပြေကြတယ်။ တချို့လည်းအဖုအထစ်လေးတွေရှိတယ်လို့ကြားရတယ်။ ဘာပဲပြောပြော သူတို့တွေ အလုပ်တော့လုပ်နေကြပြီပေါ့ဗျာ။ နိုင်ငံရေးပါတီများရဲ့ ဆောင်ရွက်ဖွယ်တွေထဲမှာ (၁) အဖွဲ့ဝင်စုဆောင်းရေး။(၂) ဖွဲ့စည်းရေး(၃) စည်းရုံးရေး (၄) အောင်နိုင်ရေး ဆိုပြီးအဆင့်လေးဆင့်ရှိတယ်ဗျ။ အဖွဲ့ဝင်များစုဆောင်းပြီးရင်နယ်အလိုက် အလုပ်အဖွဲ့တွေ ဖွဲ့ရတယ်။ အဲဒီအဖွဲ့တွေက လူထုကို စည်းရုံးကြရပါတယ်။ ဘာအတွက်စည်းရုံး မလဲဆိုရင် မိမိတို့ပါတီရဲ့မူဝါဒနဲ့လုပ်ငန်းစဉ်ကိုပြည်သူတွေကျယ်ကျယ်ပြန့်ပြန့် သိစေဖို့နဲ့မိမိတို့ပါတီကိုထောက်ခံအားပေးဖို့ဖြစ်တယ်။ ထောက်ခံအားပေးတယ်ဆိုရာမှာ ပါးစပ်ကထောက်ခံနေရုံနဲ့လည်း မပြီးဘူး။ မဲဆန္ဒ ပေးရမယ့်အချိန်မှာ ကိုယ်ထိလက်ရောက် ထောက်ခံမဲပေးဖို့နဲ့ တတ်နိုင်သူတွေက ရန်ပုံငွေထည့်ဝင်ကြဖို့ဖြစ်တယ်ဗျ။ အဲဒီတော့မှ အောင်နိုင်ရေးဆိုတဲ့အဆင့်ကို တက်လှမ်းနိုင်ကြမှာပေါ့ဗျာ။

ပြီးခဲ့တဲ့အပတ်ထုတ်ပြည်သူ့ခေတ်ဂျာနယ် စာ(၂၂) မှာကာတွန်းဆရာငွေကြည်ရဲ့ ကာတွန်းတစ်ကွက်ပါခဲ့တာသတိထားမိကြသလားမသိဘူး။`နိုင်ငံရေးပါတီတွေ များတာဘာကြောင့်လဲဟင်` `တစ်ပါတီစနစ်မှာအနေကြာခဲ့လို့ဖြစ်မှာပေါ့ဟ` ဆိုတဲ့စကားပြောခန်းလေးပါ။ အဲဒါအမှန်ပဲဗျ။ ၁၉၈၈ ခုနှစ် စက်တင်ဘာ၁၈ ရက်မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က နိုင်ငံတော်အာဏာအရပ်ရပ်ကိုလွှဲပြောင်း ယူပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပေးဖို့ပြင်ဆင်တဲ့အနေနဲ့ နိုင်ငံရေးပါတီ တွေတည်ထောင်ခွင့်ဖွင့်ပေးလိုက်တဲ့အခါ ပါတီပေါင်း ၂၃၀ ကျော် ပေါ်ပေါက်လာခဲ့တယ်ဗျ။ အခုတစ်ကြော့ဒီမိုကရက်တစ်ပါတီ အဖြစ်တစ်ကြော့ပြန်ပြန်ပေါ်လာတဲ့ ဦးသုဝေကြီးတို့လည်း ဒီမိုကရေစီပါတီ ဆိုပြီးမှတ်ပုံတင်ခဲ့တာမှတ်မိတယ်ဗျာ။

ကမ္ဘာ့ဖလားရှင် စပိန် နိုင်ငံအကြောင်း
ဒီနေရာမှာ အခုနှစ်ကမ္ဘာ့ဖလား ဘောလုံးပွဲမှာဗိုလ်စွဲသွားတဲ့စပိန် နိုင်ငံအကြောင်းနဲ့ဆက်စပ်ပြီးပြောစရာရှိတယ်ဗျ။ စပိန်နိုင်ငံမှာ ၁၉၃၆ ခုနှစ်က ရီပတ်ဗလီကင် အစိုးရကိုဗိုလ်ချုပ်ကြီးဖရန်ကိုက ပုန်ကန်လို့ပြည်တွင်း စစ်ကြီးဖြစ်ခဲ့တယ်။ စပိန်ဒီမိုကရေစီအစိုးရပြုတ်မကျအောင် ဥရောပနိုင်ငံတွေ က ဗော်လံတီယာတပ်တွေစေလွှတ်ပြီးတော့အစိုးဘက်က ပါဝင်တိုက်ခိုက်ပေးကြတယ်။ သို့ပေမယ့်နောက်ဆုံးတော့ ဖရန်ကို နိုင်သွားပြီး ၁၉၇၅ ခုနှစ် သူသေတဲ့အထိ ၃၈ နှစ်လုံးလုံးအုပ်ချုပ်သွားတယ်။ (ဖရန်ကိုအာဏာသက်တမ်းကြာရှည်လှချည်လားမထင်နဲ့။ ပြည်သူ့ခေတ်ဂျာနယ် အမှတ်၁ က လွတ်လပ်စိုးရဲ့ ကမ္ဘာ့နိုင်ငံရေးဗဟုသုတ ညဏ်စမ်းကိုဖတ်ကြည့်တော့မှ ကျုးဘားနိုင်ငံက ကပ်စထရိုကြီးဟာ ၁၉၅၉ကနေ ၂၀၀၉ အထိနှစ်ပေါင်း ၅၀ စိုးမိုးအုပ်ချုပ်ခဲ့တယ်ဆိုတော့ သူ့စံချိန်ကိုဘယ်သူမှမချိုးနိုင်ဘူးပေါ့။)
ဖရန်ကို အုပ်ချုပ်သွားတဲ့၃၈နှစ်လုံးလုံး စပိန်နိုင်ငံမှာ နိုင်ငံရေးပါတီမပြောနဲ့ အလုပ်သမားသမဂ္ဂတောင်ဖွဲ့ခွင့်မရှိဘူး။ ဖရန်ကို ဟာ ၁၉၃၇ ခုမှာဖလန်း(Falamge)လို့ခေါ်တဲ့ဖက်ဆစ်ပါတီတည်ထောင်ပြီးသူသေတဲ့အထိခေါင်းဆောင်သွားတယ်။

ဒီမိုကရေစီကို မုန်းလိုက်တာမှ
ဖရန်ကိုကဘယ်လောက်တောင် ဒီမိုကရေစီဝါဒကို မုန်းသလဲဆိုရင် သူမသေခင်ကလေးမှာ အင်္ဂလန်က စပိန်ပြည်ပြေးဘုရင်ဟောင်း ကွန်စတင်တိုင်းရဲ့ သားဖြစ်သူ ဟွမ်ကားလို့စ် ဆိုသူကို ပြန်ခေါ်ပြီးသူသေရင် စပိန်မှာ ဘုရင်စနစ်ပြန်ထူထောင်ဖို့ စီစဉ်ခဲ့တယ် ။ ပြည်သူလူထုဟာဘာမှရင့်ကျက်တာ မဟုတ်ဘူး။ သူတို့ကိုအုပ်ချုပ်မည့်သူကို သူတို့ကိုယ်တိုင်က ရွေးချယ်ဖို့ဆိုတဲ့ ပိုင်ခွင့်နဲ့မထိုက်တန်ဘူးလို့ရန်ကိုက သဘောထားရှိတယ်။ သူလိုလူမျိုး သို့မဟုတ် ရှင်ဘုရင်တစ်ယောက်ယောက်က ဇိကုတ်ပြီး နတ်ပြည်တင်ခြင်းသာလျင် အကောင်းဆုံးအုပ်ချုပ်ရေးစနစ်လို့ယုံကြည်တယ်။ သည်လိုနဲ့ သူ့ဘာသာ အင်္ဂလန်မှာ အေးအေးဆေးဆေးသာမာန်လူဘ၀နဲ့နေထိုင် နေတဲ့ ဟွမ်ကားလို့စ် မင်းသားဟာစပိန်ပြည်ကိုပြန်လာပြီး ဖရန်ကိုသေရင် ဘုရင်လုပ်မယ့် ပုဂ္ဂိုလ်အဖြစ်စောင့်နေခဲ့ရတယ်။


Europe cannot confine itself to the cultivation of its own garden.

Juan Carlos




Juan Carlos (22 November 1975 – present)





ဖရန်ကို သံပတ်တွေပြန်လျော့
တော်သေးတာပေါ့။ ဟွမ်ကားလို့စ်က အင်မတန် အမြော်အမြင်ကြီးမားသူဖြစ်တယ်။ ဖရန်ကိုသေပြီးပြီးချင်းဘုရင်ဖြစ်လာပေမယ့် ဖရန်ကိုလို သံပတ်မတင်းဘူး ဖရန်ကို ကျပ်ခဲ့တဲ့ သံပတ်တွေကိုတောင် ပြန်လျှော့ပစ်တယ်။ ဖရန်ကိုလက်ထက်မှာလုံးဝစိတ်မကူဲး့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုရေးဆွဲပြဌာန်းတယ်။ နိုင်ငံရေးပါတီတည်ထောင်ခွင့်ပေးတယ်။ ဒါနဲ့ပဲ ကွန်မြူနစ်ပါတီ ဆိုရှယ်လစ်ပါတီ အပါအ၀င် ပါတီစုံပေါ်လာတယ်။ ပါတီပေါင်း ၂၀၀ကျော်တာပဲဗျ။ ပထမဆုံးအကြိမ်ရွေးကောက်ပွဲလုပ်တော့ဆိုရှယ်လစ်ပါတီက အမတ်နေရာအများစုရပြီးအစိုးရဖွဲ့နိုင်ခဲ့တယ်။ ကွန်မြူနစ်အချို့လည်းအစိုးရအဖွဲ့ဝင်ဖြစ်ခဲ့တယ်။

နိုင်ငံရေးအကဲခတ်တွေမျက်စိလည်ရော
အဲဒီနှစ်ပိုင်းတွေမှာ ကျွန်တော်က မြန်မာ့အလင်းသတင်းစာမှာအယ်ဒီတာလုပ်နေပါတယ်။ နိုင်ငံခြားသတင်းတွေကနေစပိန်နိုင်ငံရဲ့နိုင်ငံရေး အပြောင်း အလဲ သတင်းတွေကို တအံ့တသြလေ့လာခဲ့ရတယ်။ ဘယ့်နှယ်ဗျာဖက်ဆစ်ကြီးဖရန်ကို ကွယ်လွန်တဲ့သတင်းကလည်း ထိပ်တန်းကမ္ဘာ့ သတင်းကြီးဖြစ်ခဲ့။ပြီးတော့ရှင်ဘုရင်တစ်ယောက်နန်းတက် အဲဒီဘုရင်ကအံ့သြလောက်အောင် တော်တည့်မှန်ကန်သူဖြစ်နေ။ သူ့ကိုဘုရင်ဖြစ်အောင် နန်းတင်ပေးခဲ့တဲ့ဖရန်ကိုကြီး အမုန်းတီးဆုံး ဒီမိုကရေစီစနစ်ကိုစပိန်နိုင်ငံမှာဗြုန်းစားကြီး သွတ်သွင်းလိုက်တယ် ဆိုတော့ နိုင်ငံရေးအကဲခတ်တွေမျက်စိလည်စရာတောင်ဖြစ်ကုန်တယ်ဗျ။

သို့ပေမယ့်ပါလီမန်လွှတ်တော်တွေဘာတွေ ပေါ်လာပြီးနှစ်ပေါက်အောင်မကြာသေးဘူး ဒုဗိုလ်မှူးကြီး အဆင့်ရှိသူတစ်ယောက်က ခေါင်းဆောင်ပြီးအာဏာသိမ်းဖို့ကြိုးစားတဲ့ဖြစ်ရပ်ဖြစ်ခဲ့သေးတယ်။ ဘုရင်ဟွမ်ကားလို့စ်က အသံလွှင့်မိန့်ခွန်းပြောပြီးအာဏာသိမ်းဖို့ကြိုးစားသူတွေကို လက်နက်ချခိုင်းတယ်။ အာဏာသိမ်းဖို့ကြိုးစားသူတွေကို စစ်တပ်ကမထောက်ခံဘဲ ဘုရင့်အမိန့်ကိုနာခံ လိုက်တဲ့အတွက် အဲဒီအုပ်စုလက်နက်ချခဲ့တယ်။ ဘုရင်ကသူတို့ကိုနောက်နောင်ဒီလိုမလုပ်နဲ့လို့ပြောပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်။ အဲဒီကတည်းကစပိန်နိုင်ငံမှာဒီမိုကရေစီရှင်သန်လာခဲ့တာ ခုဆိုကြီးထွားဖွံ့ဖြိုးလာတဲ့အဆင့်ရောက်နေပြီဗျ။ ကမ္ဘာ့ဖလားဆွတ်ခူးသွားတဲ့ စပိန်အသင်းကိုကြည့်ရင်းအတွေးနယ်ချဲ့ခြင်းဖြစ်ကြောင်းပါဗျာ။

အမိုက်တကာ့ဗိုလ်မင်း အဖျင်းတကာ့ဗိုလ်ချုပ် လူမိုက်ကြီးတွေ...

“ယောက်ျားသည် အစွမ်းသတ္တိမရှိ၊ အမျိုးယုတ်၏၊ နည်းသော ပညာရှိ၏၊

ကြီးကျယ်စွာသော မင်း၏ အဖြစ်ကို ရသော် တခဏခြင်းဖြင့်ဖောက်ပြန်၏၊ ပရိသတ်ကို ဖျက်ဆီး၏၊

ထိုသို့ မထိုက်တန်သော မင်းဆိုးမင်းညစ်အား ပြည်သူတို့က ညှဉ်းဆဲ နှိပ်စက်ရာသည်။ ပြည်သူတို့က အပြစ် ဒဏ်ခတ်ရသည်။

ပြည်သူပြည်သားတို့သည် ဥပဒေနှင့်အညီ မအုပ်ချုပ်သော အုပ်စိုးသူ မင်းတို့ကို အပြစ်ဒဏ် ပေးရမည်။ထို့အပြင် မင်းကဲ့သို့မကျင့်၊ ဓားပြကဲ့သို့ကျင့်သော မင်းဆိုးမင်းယုတ် အားလည်း အုပ်ချုပ်ခွင့်ကို မပြုရာ”

မိလိန္ဒပဥှာ




အမိုက်တကာ့ဗိုလ်မင်း အဖျင်းတကာ့ဗိုလ်ချုပ် လူမိုက်ကြီးတွေ

မြတ်စွာဘုရားဟောတော်မူအပ်သော သုတ္တနိပါက ( ၇ ) ခုမြောက် သုတ်ဖြစ်တဲ့ ၀သလသုတ္တန်တရားတော်တွင် သူယုတ် ( သို့ ) သူယုတ်မာ ဖြစ်စေတဲ့ တရား ၃၂ ပါးကို ဟောထားပါတယ်။

အဂ္ဂိကဘာရဒွါမ ဆိုတဲ့ ပုဏ္ဏားက မြတ်စွာဘုရားကို တွေ့တော့ “ဟဲ့ သူယုတ်” ဆိုပြီး သုံးခွန်းသော စကားနဲ့ပဲရေးတယ်တဲ့။ အဲ့ဒီအခါမှာ မြတ်စွာဘုရားရှင်က အပြစ်မမြင်ပဲ မေတ္တာနဲ့ ယှဉ်ပြီးတော့ အသင်ပုဏ္ဏား ဘယ်လိုလူကို သူယုတ် ( သို့ ) လူယုတ်မာ လို့ခေါ်သလဲ။ လူယုတ်မာ ဖြစ်စေတဲ့ တရားတွေကို သိလား လို့မေးပြီးတော့ အဲဒီတရားကို ဟောခဲ့တာပါ။

မြတ်ဗုဒ္ဓ က မျိုးရိုးဇာတိအားဖြင့် မည်သူမျှ စဏ္ဏာလလည်းမဖြစ်နိုင်၊ ဗြဟ္မဏလည်းမဖြစ်နိုင်။ ကံ ( မိမိပြုမူချက် ) အားဖြင့် လူသည် စဏ္ဏာလ ( သို့ ) လူယုတ်ဖြစ်နိုင်သည်။ ဗြဟ္မဏ ဖြစ်နိုင်သည်။

မြတ်ဗုဒ္ဓ က .. ပုဏ္ဏား… အမျက်ဒေါသထွက်သူ၊ ရန်ငြိုးဖွဲ့သောသူ၊ ဂုဏ်အရည်အချင်းနှင့် ပြည့်စုံသူများကိုအပြစ်ဖို့သူ၊ မှောက်မှားသော အယူကို ယူသောသူ၊ ကလိန်ကျသောသူ သာလျှင် ၀သလ ( သို့ ) သူယုတ်မာ ဟူ၍ သိအပ်၏ - ဟု မိန့်ကြားထားသည်။

နောက်တစ်ဂါထာတွင် .. ပုဏ္ဏားတစ်ကြိမ်သာ ဖွားရသောသတ္တ၀ါကိုလည်းကောင်း၊ နှစ်ကြိမ်သာ ဖွားရသောသတ္တ၀ါကိုလည်းကောင်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်တတ်၏။ အကြင်သတ္တ၀ါတို့၌ သနားခြင်းမရှိ၊ ထိုသူကိုသူယုတ် ( သို့ ) လူယုတ်မာ ဟူ၍ သိအပ်၏တဲ့။

အထက်ပါ မြတ်ဗုဒ္ဓဟောတော်မူသော လူယုတ်မာတို့၏ လက္ခဏာများအရဆိုလျှင် လောဘ၊ ဒေါသ၊ မောဟအပြည့်ဖြင့် သတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးထောင်ချခြင်းနှင့် ကျေးဇူးရှင်ကို ကျေးဇူးကန်းသော နအဖစစ်အာဏာရှင်နှင့် သူ၏လက်မရွံ့လက်ပါးစေတို့သည် လူမိုက်တကာတို့၏ ခေါင်းဆောင်၊ လူယုတ်မာတို့၏ဗိုလ်ချုပ်ဖြစ်ပေတော့သည်။

မြတ်ဗုဒ္ဓ က “အကြင်သူသည် မြတ်စွာဘုရားရှင်ကိုသော်လည်းကောင်း၊ ထိုမြတ်စွာဘုရားရှင်၏ တပည့်သားသံဃာတော်ကိုလည်းကောင်း၊ အကျိုးမဲ့ကဲ့ရဲ့သော စကားကို ဟောကြား၏။ ထိုသူကို သူယုတ် ( သို့ ) လူယုတ်မာ ဟု သိအပ်၏” - ဟု ဟောတော်မူပါတယ်။

စစ်အာဏာရှင်နှင့် နောက်လိုက်များကတော့ မိစ္ဆာဝါဒီသမားများပီပီ မြတ်စွာဘုရားရဲ့ ဗိုက်ကိုလည်းဖောက်ရဲပါတယ်။ ဘုရားရှင်ရဲ့တပည့်သား သံဃာတွေကိုလည်း သတ်ဖြတ်၊ ရိုက်နှက်၊ ဖမ်းဆီး၊ ထောင်ချရဲပါတယ်။ အခုဆို ကျောင်းတိုက်တွေကိုတောင် ဝါဆို ဖို့ ခက်ခဲသွားရအောင် အတင်းအဓမ္မဖြိုဖျက်နေကြပါပြီ။

၂၀၀၈ ခု၊ မေလ ဆန္ဒခံယူပွဲ ကာလအတွင်းမှာတောင် လုံထိန်းတွေကို “လိမ္မော်သီး ရိုက်နည်းသင်တန်း” ဆိုပြီးသီးသန့် သင်တန်းထောင်ပေးခဲ့ပါတယ်။ လိမ္မော်သီး ဆိုတာ သံဃာတော်များ ကို ရည်ညွှန်းတာပါ - ဟု စာရေးဆရာ ဒဂုံမဏ္ဏိဏ် က လူယုတ်မာ ဘယ်သူလဲ ဆောင်းပါးတွင် ဖော်ပြထားပါတယ်။




ယခုအခါ အချို့သော ပညာရှိ၊ ပညာတတ်ဟု မိမိကိုယ်ကို အထင်ရောက်နေကြသော ဘုန်းကြီးအချို့၊ လူအချို့သည် အဓမ္မတရားကို ပြုကျင့်ဖောက်ပြန်နေသော မိစ္ဆာဝါဒီ စစ်အာဏာရှင်များအကြိုက် လိုက်လုပ်နေပြီး ဓမ္မတရားကို ဖျက်ဆီးနေကြသည်ကို ၀မ်းနည်းစွာ တွေ့နေရပါတယ်။

ပညာလွန်၍ သဒ္ဓါနဲ့သူများသည် ကောက်ကျစ်တက်ကြ၏ - ဟု ၀ိသုဒ္ဓိမဂ် ၌ ဆိုထားပါတယ်။

ဓမ္မပဒ၊ စာလတ်၊ ဂါထာ ၆၃ လာ ဘုရားရှင်၏ ဟောကြားချက်တွင် - လူမိုက်ဖြစ်ပါလျက် မိမိလူမိုက်ဖြစ်ကြောင်းကိုသိ၏။ ထိုသို့ သိခြင်းကြောင့်ပင် ထိုသူကို ပညာရှိဟုဆိုရ၏။ လူမိုက်ဖြစ်ပါလျက် မိမိကိုယ်ကို ပညာရှိဟုထင်၏။ ထိုသူသည်ဟာ တကယ့် လူမိုက်စစ်စစ်ဖြစ်၏ - ဟု မိန့်၏။

ဗုဒ္ဓဒေသနာတော်အရ ပုထုဇဉ်များသည် အသိမှား၊ အမှတ်မှား၊ အယူမှား ဟူသော ၀ိပလ္လာသ တို့ကို မပယ်နိုင်သေးသဖြင့် မည်သည့်စာပေ ပညာရှိမဆို သူ၏အသိ၊ သူ၏အကျင့်သည် ပြည့်စုံနိုင်ဖွယ် မှန်ကန်နိုင်ဖွယ် မရှိဟု ဆိုနိုင်သည်။

ပညာတတ်များအနေနဲ့ မိမိတို့ထက် သိထားတဲ့ အသိပညာ၊ အတတ်ပညာရပ်တွေကို အာဏာရမ္မက် ရစ်မူးပြီး ဘာသာ၊ သာသနာ၊ လူမျိုးအားလုံးအကျိုးမဲ့ကာ ဆင်းရဲ ဒုက္ခရောက်အောင် လုပ်နေကြသော စစ်အာဏာရှင်တို့အတွက် အကျိုးမရှိစေဘဲ တရားသောဘက်မှာ အသုံးချသင့်ပေသည်။

သူတော်ကောင်းတို့ ကျင့်အပ်သော တရား နှင့်ပတ်သတ်၍ ဦးရွှေအောင က သူ၏ ထေရ၀ါအုတ်မြစ် စာအုပ်တွင် မြတ်ဗုဒ္ဓ၏တရားကို ရေးသားဖော်ပြထားသည်မှာ မှတ်သားဖွယ်ကောင်း၏။

ရတနသုတ်ပရိတ်တော်ရောဂမနုဿ ဒုမ္ဘိက္ခသမ္ဘူတံ တိဝိဓံဘဟ - ဟူ၍ ဤလောက၌

( ၁ ) အနာရောဂါဘေး

( ၂ ) လူမဆန်သော ပုဂ္ဂိုလ်တို့၏ အမနုဿဘေး

( ၃ ) ငတ်မွတ်ခေါင်းပါးခြင်းဘေး

ဘေး ( ၃ ) မျိုးရှိရာတွင် ယင်းဘေးများမှ လူအပေါင်းတို့ကို ကယ်တင်ရာ၌လည်းကောင်း၊ အမနုဿဘေးမှဖြစ်ပေါ်လာသော သောကပရိဒေ၀ စသော ဆင်းရဲဒုက္ခအပေါင်းမှ ကယ်တင်ရာ၌လည်းကောင်း၊ အစဉ်အတိုင်း ဦးစားပေး၍ ကျင့်ရန် သတ်မှတ်ထားသောနည်းသုံးနည်းရှိ၏။ ယင်းတို့မှာ -

( ၁ ) မိမိနိုင်ငံ၏အကျိုးကို ပထမဦးစားပေး၍ ကျင့်ရမည်

( ၂ ) မိမိအသင်းအဖွဲ့ ( ၀ါ ) အသိုက်အ၀န်း၏ အကျိုးကို ဒုတိယ ဦးစားပေး၍ ကျင့်ရမည်။

( ၃ ) မိမိ၏အကျိုးကို နောက်ဆုံးထား၍ ကျင့်ရမည်။

ဟူ၍ မြတ်ဗုဒ္ဓကိုယ်တိုင် ပါရမီဖြည့်ခဲ့ပုံကို တင်စားဖော်ပြထားသည်။

မြတ်ဗုဒ္ဓကျင့်စဉ်အရ ဆိုလျှင် မိမိနိုင်ငံအတွက် မိမိအဖွဲ့အစည်းကို စတေး ရမည်။ မိမိအဖွဲ့အစည်းအတွက် မိမိကိုယ်ကို စတေး ရမည် - ဟု ဆိုထားသည်မှာ သတိထားမှတ်ယူဖွယ်ပင် ဖြစ်သည်။



ဗုဒ္ဓဒေသနာတော်အရ ဘ၀ ကိုအမိုက်ဖြင့်ကြည့်သူ နှင့် အလင်းရောင်ဖြင့် ကြည့်သူ ဟူ၍ နှစ်မျိုးရှိ၏။ မိမိ၏ဘ၀ကိုအမိုက်တိုက် ဖြင့်ကြည့်တတ်သော နအဖစစ်အာဏာရှင်များ ကဲ့သို့သော အန္ဓပုထုဇဉ်များ အတွက်ရက်စက် ကြမ်းကြုတ်ခြင်းသည် တနည်းအားဖြင့် ပျော်စရာဖြစ်၏။

ဤနေရာ၌ ယောမင်းကြီးဦးဘိုးလှိုင် ရာဇဓမ္မသင်္ဂဟကျမ်း စာမျက်နှာ ၀၂၆ လာ - ဝေဟိတ္တိအသူရာ နှင့် သိကြားမင်း - တို့၏ အဆိုအယူများကိုမှတ်သားဖွယ်ရာ အဖြစ် ဖော်ပြအပ်ပါ၏။

ဝေဟိတ္တိအသူရာ - ပညာရှိသည် သူမိုက်ကို ပြင်းထန်စွာ ဒဏ်ပေးခြင်းဖြင့် တားမြစ်ရ၏။ အကယ်၍ ပြင်းထန်စွာ ဒဏ်ပေးခြင်းဖြင့် မတားမြစ်ပါက သူမိုက်သည် ပို၍ ကြမ်းကြုတ် ပေလိမ့်မည်။

သိကြားမင်း - ပညာရှိသည် အမျက်ထွက်နေသော လူမိုက်ကို အမျက်ထွက်မှန်း သိလျှင် ပြန်လည် အမျက်မထွက်ဘဲ သည်းခံ၏။ ထိုသို့သည်းခံခြင်းသည်ပင်လျှင် သူမိုက်ကို ဆုံးမခြင်း ဖြစ်၏။

ဤအမြင်သည် အမှောင်နှင့်အလင်း တို့၏ တန်ဖိုးချင်း ခြားနားချက်ကို ဖော်ပြသော ပုံစံများဖြစ်၏။

ယခုခေတ် စစ်အာဏာရှင်တို့ရရှိနေသော လက်ခံကျင့်သုံးနေသော တဏှာမာန၊ ဒိဌိ နှင့် အ၀ိဇ္ဇာတို့သည်အစုန် သဘောအရ မည်မျှပင်အားကောင်းစေကာမူ နောက်ဆုံး၌ အပယ်သတ်ခံရသော အကုသိုလ်တရားမျိုးဖြစ်၏။ ထို့ကြောင့် အကုသိုလ်တရားမျိုး၏ အောင်ပွဲသည် ယာယီအောင်ပွဲမျိုးသာဖြစ်၏။



မိမိတို့၏ အကျင့်သီလမပါပဲ အဓမ္မနည်းဖြင့် ကြီးပွားပြီး ရာထူး၊ ဂုဏ်သိမ် စည်းစိမ်းယစ်မှုး နေကြသော နအဖစစ်ခေါင်းဆောင်များ၏ အပြစ်သည် သူတော်ကောင်း၏ အမြင်တွင် သနားစဖွယ် ရယ်ဖွယ်ဖြစ်နေသည်။

မန်လည်ဆရာတော်ကြီး ရဲ့ မယဒေ၀လင်္ကာသစ်၊ ပုတ္တောဝါဒီခန်း တွင် လောကကြီးမှာ ရယ်စရာကောင်းတဲ့အရူးနဲ့တူတဲ့လူ သုံးဦး ရှိတယ်ဆိုပြီး အလင်္ကာ စပ်ထားပါသည်။

- မိမိကိုယ်ကို၊ အလိုရှိရာ၊ ငါပြုနိုင်စွ၊ အစိုးဟု မှတ်ကြသူဝယ် သေမင်းရယ်၏။

- အကယ်မာန်ကိုး၊ မြေနှင့်မိုးလို၊ အုပ်စိုးရသူ၊ ငါလျှင်ဟူ၍၊ မှတ်ယူမင်းဝယ်၊ မြေကြီးရယ်၏။

- သက်လှယ်နုထွား၊ ငါ့မယားက ဖွားသည့်သည်းချာ၊ ငါ့သားသာဟု မှတ်ရှာသူဝယ်၊ မယားရယ်၏။

- ရယ်ဖွယ်အထူး၊ လူသုံးဦးကို၊ အရူးတမျှ၊ နိမိတ်ပြရှင့်။

ဒီလင်္ကာလေးကို သတိမူရင်း ဘာသာ၊ သာသနာ နဲ့ တိုင်းပြည်ကို ဖိနှိပ်ကျွန်ပြုနေတဲ့ နအဖစစ်အာဏာရှင်လူယုတ်မာ အရူးကြီးတွေကို ဘုရားရှင်ရဲ့သားသံဃာတော်များနဲ့ ကျောင်းသား၊ ပြည်သူများက လက်တွဲပြီးအဓမ္မ၀ါဒီသမားတွေကို တော်လှန်နေချိန်မှာ တပ်မတော်သားများကလည်း တရားသောတိုက်ပွဲအတွက် ပါဝင်သင့်ပါတယ်။

မတရားမင်း၊ လူယုတ်မာများကြောင့် တိုင်းပြည်ပျက်ဆီးရပုံကို မဃဒေ၀ လင်္ကာသစ်ထဲတွင် -

- မင်းလျှင်မဏ္ဍိုင်၊ မင်းမခိုင်သော်၊ ယိမ်းယိုင်ပြည်ကြီး ပျက်ဆီးချောက်ချား၊

မရှားပါးမိုဃ်းလေ၊ စာရေမွတ်ငတ်၊ ဥပါဒ်လူပေါင်း၊ ထောင်းထောင်းကြေညက်၊

နတ်များဖျက်၍၊ လက်နက်ညွှန်သဲ၊ ကျောက်ခဲမီးမိုဃ်း၊ ချရွာကြိုးလျက်၊

ကျိုးပဲ့တုန်အောင်၊ တိုင်းလုံးလောင်ရှင့်။……………။

ဟု ရေးဖွဲ့ထားသည်မှာ သတိထားအပ်သည်။


မြန်မာနိုင်ငံသည် လူယုတ်မာအာဏာရှင်လူတစ်စု၏ ဘုရားမှန်း၊ တရားမှန်း၊ သံဃာမှန်း မသိဘဲ အာဏာကိုသာကိုးကွယ်နေကြ၍ နာဂစ်ကဲ့သို့သော သဘာဝဘေးအန္တရာယ်ကြီး အပါအ၀င် ဆင်းရဲဒုက္ခ၊ အခက်အခဲပေါင်းစုံကို အပြစ်မဲ့တိုင်းသူပြည်သားအားလုံး ခါးဆီးခံနေကြရသည်။

ထို့ကြောင့် သူတော်ကောင်းတို့၏ လမ်းစဉ်ကိုကျင့်ကြံသောခေါင်းဆောင်ကောင်းများ မြန်မာပြည်တွင် အလွန်လိုအပ်ပါသည်။ ထိုသို့ ကောင်းမြတ်သော သုစရိုက်တရားသော ခေါင်းဆောင်များ ဦးဆောင်ပါက မြန်မာနိုင်ငံကြီးသည် ဓမ္မပါဒပါဌိတော်၊ အရဟန္တ၀ဂ် ဂါထာ ၉၈ လာအတိုင်း ယနေ့ကမ္ဘာ့နိုင်ငံကြီးများနှင့်စာလျှင်

- ရွာအဆင့်မျှ ဖြစ်ချင်ဖြစ်မည်၊ တောအဆင့်မျှ ဖြစ်ချင်ဖြစ်မည်၊

- ချိုင့်ဝှမ်းအဆင့်မျှ ဖြစ်ချင်ဖြစ်မည်၊ ကြည်ကုန်းအဆင့်မျှ ဖြစ်ချင်ဖြစ်မည်။

သို့ရာတွင် ဒုစရိုက်များ ( သူယုတ်များ ) မှ ကင်းဝေသူတို့နေထိုင်ရာဖြစ်၏။ ထို့ကြောင့် ဤမြေပြင်တွင်မွေ့လျော်ဖွယ် အကောင်းဆုံး ဒေသဖြစ်ပါ၏။

ထို့ကြောင့် ဘာသာ၊ သာသနာနှင့်လူမျိုးအကျိုးကို ဟန့်တားဖျက်ဆီးနေသော အဓမ္မ၀ါဒီ စစ်အာဏာရှင် လူယုတ်မာတစ်သိုက်ကို သူတော်ကောင်းတို့လမ်းစဉ်အရ ရဲရဲဝင့်ဝင့် ညီညာတိုက်ပွဲဝင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။




ဘလော့ခ်ဂါ ဝီရသူ

၁၄. စက်တင်ဘာ. ၂၀၀၉

နအဖ၏ သာသနာဖျက်လုပ်ရပ် သာသနာတော်ဆိုင်ရာ အမြင့်ဆုံးအဖွဲ့အစည်း လက်ပိုက်ကြည့်နေ

နိုင်ငံတော်အစိုးရနှင့် ရဟန်းရှင်လူ ပြည်သူပြည်သားတို့၏ အားကိုးအားထားပြုရာ ဖြစ်ရုံမျှမက

အတိုင်းတိုင်းအပြည်ပြည်ကပင် လေးလေးစားစား အသိအမှတ်ပြုခြင်းကို ခံရသည့်

သာသနာတော်အတွက် အားအထားရဆုံး အဆင့်အမြင့်ဆုံး သံဃာ့အဖွဲ့အစည်းကြီးဖြစ် သည်ဟု နအဖ

သတင်းစာမှာ ဖော်ပြထားသော်လည်း ဥက္ကဋ္ဌအသစ်ဖြစ်သော ဗန်းမော်ဆရာတော် ဒေါက်တာ

ဘဒ္ဒန္တကုမာရာဘိဝံသနှင့် နိုင်ငံတော်

ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့နှင့် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးများသည်

စစ်အာဏာရှင်တို့၏ သာသနိက အဆောက်အအုံများကို ဖျက်ဆီးမှုနှင့် သံဃာတော်များကို နှင်ထုတ်နေသည့်

ကိစ္စအတွက် လစ်လျူရှုခြင်းသည် အရိပ်နေ၍ အကိုင်းချိုးသော ဘုရားရှင်နှင့် သာသနာတော်ကို

ကျေးဇူးကန်းသည့်လုပ်ရပ်ဖြစ်သည်။ ရဟန်းရှင်လူပြည်သူများ မည်ကဲ့သို့အားထားရပါမည်နည်း။

ရွှေတိဂုံ အရှေ့ဘက်မုခ် ကျောင်းတိုက်တချို့ ဖယ်ပေးရမည်

ခင်ဦးသာ Wednesday, July 21, 2010

ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော် အရှေ့ဘက်မုခ်ရှိ ကျောင်းတိုက် တချို့တွင် သီတင်းသုံး နေကြသော ရဟန်း သံဃာတော်များကို ဇူလိုင်လ ၂၅ ရက်နေ့ နောက်ဆုံး ထား၍ ကျောင်းတိုက်များမှ ဖယ်ရှား ပေးရန် အာဏာပိုင်များက ညွှန်ကြားထားကြောင်း စုံစမ်းသိရှိရသည်။

ရွှေတိဂုံ အရှေ့ဘက်မုခ် (ဓာတ်ပုံ – Shwewei)

ဖယ်ရှားရမည့် ကျောင်းများမှာ ရွှေင်္ဟသာ ပိဋကတ် ကျောင်းတိုက်၊ ညောင်တုန်း ပိဋကတ် ကျောင်းတိုက်၊ ဒေါ်လှဆင် ပိဋကတ် ကျောင်းတိုက် စသည့် ကျောင်းတိုက်များနှင့် အနီးရှိ လူနေတိုက်တာ အဆောက်အုံ တချို့တို့ ဖြစ်ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ တဦးက ပြောသည်။

အဆောက် အအုံများမှာ ဟောင်းနွမ်းနေ၍ ပြင်ဆင်ရန် ဖယ်ရှားပေး ရမည် ဖြစ်ကြောင်း၊ သတ်မှတ် ရက်တွင် ဖယ်ရှား မပေးပါက ရွှေတိဂုံ စေတီတော် ဂေါပက စည်းမျဉ်းအရ လည်းကောင်း၊ တည်ဆဲ ဥပဒေအရ လည်းကောင်း အရေးယူ သွားမည်ဟု ဇူလိုင် လဆန်းပိုင်းတွင် ပေးပို့သည့် ညွှန်ကြားစာ၌ ဖော်ပြထားသည်ဟု ဆရာတော် တပါးက မိန့်ကြားသည်။

ရပ်ကွက်သား တဦးက “ဘုန်းကြီးကျောင်းမှာ သီတင်းသုံး နေကြတဲ့ ဘုန်းကြီးတွေ အကုန်လုံးကို အမြန်ဆုံး ဖယ်ရှားပေးဖို့ရယ်၊ ကျနော်တို့ ရပ်ကွက်က လူနေတဲ့တိုက်က လူတွေလည်း ဆင်းပေးဖို့ လာပြောထားတယ်။ လူတွေက ကြိုက်တဲ့ အချိန် ပြောင်းလို့ ရပေမယ့် ဘုန်းကြီးတွေက ၀ါတွင်းဆိုတော့ ပိုပြီး အခက်တွေ့နေကြတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ကျောင်းတိုက်များတွင် ကျောင်းထိုင်ဆရာတော်များ အပါအ၀င် သံဃာတော် ၁၀ ပါး ၀န်းကျင်စီနှင့် သာမဏေများ သီတင်းသုံးနေသည့်အပြင် တပည့်ဒါယကာများလည်း နေထိုင်ကြကြောင်း၊ သံဃာများ သီတင်းသုံးလာသည်မှာ နှစ်ပေါင်း ၆၀ ခန့် ရှိပြီဖြစ်ကြောင်း ကျောင်းထိုင် ဆရာတော် တပါးက မိန့်ကြားသည်။

“ဘုန်းဘုန်း ဒီကျောင်းမှာ သီတင်းသုံးလာတာ နှစ်ပေါင်း ၆၀ ရှိပြီ။ ဟောင်းနေပြီဆိုပေမယ့် နှစ်ပေါင်း ၇၀၊ ၈၀ လောက် ကောင်းကောင်း နေလို့ရသေးတယ်။ ပျက်စီးယိုယွင်းနေတာ ဘာမှမရှိသေးဘူး။ လတ်တလောကြီး ဖယ်ရှားခိုင်းတာဆိုတော့ အကုန် ဒုက္ခတွေ့နေကြတယ်”ဟု အဆိုပါ ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ရွှေတိဂုံဘုရားဝန်းကျင်ရှိ အဆောက်အအုံအများစုမှာ နှစ်ပေါင်းရာချီနေပြီ ဖြစ်သော်လည်း ပြုပြင်ရန် လိုအပ်ပါက ပြုပြင် ၍ နေထိုင်ကြကြောင်း၊ ဖယ်ရှားပေးရခြင်းမျိုး မရှိခဲ့ဘူးကြောင်း၊ လူနေအိမ်များကိုသာ ဖယ်ရှားမှုမျိုး ရှိခဲ့ကြောင်း ဗဟန်း ၂ လမ်း ရပ်ကွက်သား တဦးက ပြောသည်။

ယခု ဖယ်ရှားခိုင်းသည် ပိဋကတ်ကျောင်းတိုက်များမှာ မြန်မာ သက္ကရာဇ် ၁၂၉၅ ခုနှစ် ၀န်းကျင်က ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

“ဇွန်လတုန်းကလည်း တခါလာပြီး ဖယ်ရှားခိုင်းသေးတယ်။ အဲဒီတုန်းကပြောတာ ပိုဆိုးတယ်။ ဒီတခါတော့ ဖယ်ရှားပေးမယ် ဆိုရင် ပိုက်ဆံ သိန်း ၃၀ ကျပ် ပေးမယ်ပြောတယ်။ ဘုန်းဘုန်းတို့က ငွေမလိုဘူး၊ သီတင်းသုံးဖို့ နေရာရရင် တော်ပြီ”ဟု ကျောင်းထိုင် ဆရာတော်တပါးက မိန့်ကြားသည်။

ရဟန်းသံဃာများအား နောက်ဆုံးဖယ်ရှားခိုင်းသည့်ရက်မှာ ၀ါဆိုကာလ မတိုင်မီ နောက်ဆုံးရက်ဖြစ်နေ၍ ပိုမိုအခက် တွေ့နိုင်ကြောင်း၊ အာဏာပိုင်များက သီတင်းသုံးမည့်နေရာ စီစဉ်မပေးဘဲ မိမိတို့သွားလိုရာ သွားနိုင်သည်ဟု ပြောကြောင်း ရွှေ့ပေးရမည့် ကျောင်းတိုက်တခုမှ ကပ္ပိယတဦးက ပြောသည်။

ထိုကျောင်းတိုက်များမှ မပြောင်းရွှေ့ရရေး အတွက် သက်ဆိုင်ရာ မြို့နယ် သံဃနာယက အဖွဲ့၊ နိုင်ငံတော် သံဃ မဟာ နာယက အဖွဲ့၊ တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တို့သို့ တောင်းဆို တင်ပြခဲ့သော်လည်း ထူးခြားမှု မရှိကြောင်း ဆရာတော်တပါးက မိန့်ကြားသည်။

အဆိုပါ ကျောင်းတိုက်များနှင့် အနီးတ၀ိုက်ကို အာဏာပိုင်များက ရယူလိုခြင်းမှာ သီရိလင်္ကာနိုင်ငံသို့ ရောင်းချရန် စီစဉ်နေခြင်း ကြောင့်ဖြစ်ကြောင်း၊ ကျောင်းတိုက် တခု၏ တန်ဖိုးမှာ ကာလပေါက်ဈေး အနည်းဆုံး ကျပ်သိန်း ၃ ထောင်ဝန်းကျင် ရှိကြောင်း စုံစမ်း သိရှိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်တွင် အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်မည်ဆိုပါက “ဤအဆောက်အအုံသည် အန္တရာယ်ရှိ အဆောက်အအုံဖြစ်၍ နေထိုင်ရန်မသင့်” ဟု ဆိုင်းဘုတ်တင်လေ့ ရှိသော်လည်း ယခု ဖယ်ရှားခိုင်းသည့် အဆောက်အအုံများတွင် ယင်းသို့ကြောညာ အသိပေးထားခြင်း မရှိကြောင်း သိရသည်။

ရင်းမြစ်။ ဧရာဝတီ

ခေတ်သစ် နိုင်ငံရေး ခွင်သစ်ကို တီထွင်သူများနဲ့ အရေးတော်ပုံကြီး ထာဝရ တည်တံ့အောင် ကြံဆောင်သူများ အကြောင်း

ခေတ်သစ် နိုင်ငံရေး ခွင်သစ်ကို တီထွင်သူများနဲ့ အရေးတော်ပုံကြီး ထာဝရ တည်တံ့အောင် ကြံဆောင်သူများ အကြောင်း



“ခွင်”အသစ် အကြောင်း ပြောပြချင်လို့ပါ။
“ခွင်”အသစ်က ခု ဗမာပြည်ထဲကို ရောက်သွားပါပြီ။

အမေရိကန်အစိုးရက “နှစ် ၂၀ ရှိပြီ မင်းတို့လို အသုံးမကျတဲ့အတိုက်အခံတွေကို ထောက်ပံ့နေတာမျိုး ရပ်ပြီ။ ဗမာပြည်ထဲက တကယ်ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို NGO တွေက တဆင့်ဘဲ ကူညီတော့မယ်” ဆိုတဲ့ ပေါ်လစီအသစ်ကြောင့် ၀ါရှင်တန်ဒီစီမှာအဝေးရောက် အစိုးရလည်း ရုံးခန်းမဖွင့်နိုင်တော့လို့ အစိုးရ အဖွဲ့ဝင်တွေ ကျောပိုးအိတ်ရုံးခန်းနဲ့ပဲ ရုံးစာရွက် စာတမ်းတွေသယ်လာကြရပြီး ပန်းခြံတွေမှာ ချိန်းတွေ့၊ အစည်းအဝေးလုပ် နေရတဲ့ အဖြစ်ပါ။ ခုမှ တကယ့်ကို အဝေးရောက်ပါ။ နေ့စဉ်ရုံးလုပ်ငန်းအတွက်ကတော့ အင်တာနက်က ကယ် ထားလို့ ကိုယ့်အိမ်မှာကိုယ် လုပ်လို့ ရနေကြသေးတယ်။ အင်တာနက်လစဉ်ကြေး မတတ်နိုင် တဲ့နေ့ရောက်သွားရင်တော့ အဝေးရောက်ပါ ပျောက်သွားမှာပါ။ နအဖလုပ်လို့ မဟုတ်ပါဘူး။ ကိုယ့်စားရိတ်နဲ့ ကိုယ်ပါ။

ထိုင်း-မြန်မာနယ်စပ်က proposal နဲ့ ရပ်တည်နေကြတဲ့ အဖွဲ့အစည်းများစွာဟာလည်း နောက် နှစ်ဆို proposal ရပ် ရိက္ခာပြတ်ကြတော့မယ်ဆိုတာ သိနေလို့ အလွန်လျင်သူတွေ “ခွင်” အသစ်ထဲဝင်ဘို့ စိုင်းပြင်း နေကြပါပြီ။




အမေရိကန်အစိုးရက လာမဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ဗမာပြည်ဒီမိုကရေစီရေး အတွက် ဒေါ်လာ(၃၈)သန်းသုံးစွဲမယ် ဆိုတာ အတိုက်အခံတွေအတွက် မဟုတ်ပါဘူး။ ဗမာပြည်ထဲမှာ NGO တွေက တဆင့် သုံးဘို့ပါ။
အဲဒီမှာ “ခွင်”အသစ် ပေါ်ပေါက်လာတာပဲ။ သိတဲ့အတိုင်း ခရီးစားရိတ်တွေ အထူးစားရိတ် တွေမပါ အမေရိကန်နိုင်ငံသား အနိမ့်ဆုံးNGO ၀န်ထမ်းရဲ့လစာက ဒေါ်လာသုံးထောင်က စတယ်။ NGOခေါင်းဆောင်ပိုင်းဆိုရင် လခတွေက ရှစ်ထောင်တစ်သောင်းတွေပါ။ ဒါပေမဲ့ သူတို့က ဒီလစာလောက် လှည့်ကို မကြည့်ဘူး။ “ခွင်”ထဲက ထပ်ဆင့်“ခွင်”တွေမှ အများကြီး။

နအဖကလည်း လျင်သလားမမေးနဲ့။ “ဒေါ်လာခွင်”အသစ်ထဲမှာမှ ကိုယ်ပိုင်”နိုင်ငံရေးခွင်” အသစ် ထပ်ဖွင့်လိုက်တယ်။ နအဖက ဒေါ်လာ(၃၈)သန်းကို သောက်ရေးကို မစိုက်ဘူး။ ဒီ ပိုက်ဆံလောက်က သူတို့ မန်နေဂျာ တေဇ စင်္ကာပူမှာ တည လာဖြုန်းသလောက်ပဲ ရှိတယ်။ ၀ါရှင်တန် နှင့် နယူးယောက် ဗမာသံရုံးတွေက တစ်ဆင့် အတိုက်အခံလောကထဲကို နအဖ ၀င်လိုက် တာ သိပ်လှတယ်။ “အမေရိကန်အစိုးရက ဗမာပြည်ထဲမှာသုံးမဲ့ ဒေါ်လာ(၃၈)သန်းဟာ စီမံခန့် ခွဲမှုအပိုင်းမှာ ခင်ဗျားတို့လို အမေရိကားမှာနေနေတဲ့သူတွေပဲ လာလုပ်မှ အားလုံး အဆင်ပြေ ပြေ ဖြစ်မှာ။ ခင်ဗျားတို့လုပ်ငန်းမှာ ကျနော်တို့ ဘာမှဝင်မရှုပ်ဘူး။ ခုထဲက ဗမာပြည်ထဲဝင်မဲ့ NGOတွေမှာ ၀င်လုပ်ကြပါ။ ဗမာပြည်ထဲမှာရှိပြီးသား တခြားနိုင်ငံတွေက NGOတွေနဲ့ အမေရိ ကန်တွေနဲ့က ဖြစ်မှာ မဟုတ်ဘူး။ ခင်ဗျားတို့နဲ့ မှ ဖြစ်မှာ။ ဗမာ passport မရှိဘူးလား သေနေ လား မပူနဲ့၊ ကျနော်တို့လုပ်ပေးမယ်။ အမေရိကန် passport ကိုင်ထားရင်လည်း ဗမာvisa တစ်နှစ် ထုပေးလိုက်မယ်၊ တစ်နှစ်အတွင်း ဗမာပြည်ကို ကြိုက်သလောက်အ၀င်အထွက်လုပ်။ လောလောဆယ် တစ်ခေါက် နှစ်ခေါက်သွားဘို့လည်း လေယာဉ်လက်မှတ်တို့ နေရေးစားရေး တို့လည်း မပူနဲ့။ ကျနော်တို့ အကုန်စီစဉ်ပေးမယ်”ဆိုတဲ့ အလုံး တစ်လုံးထဲ အတိုက်အခံတွေထဲ ပစ်ထည့်လိုက်တာ ပစ်မှတ်တွေ အများကြီးရဲ့ ဗဟိုတည့်တည့်ကို သွားထိတော့တာပါပဲ။

ခုတော့ သွားကုန်ကြပြီ။ ခွင်အသစ်ထဲကို။ Ph. D ဒေါက်တာလောက်ဆိုရင်၊ ၀ါရှင်တန်နယူး ယောက် ဗမာသံရုံးတွေက အသွားအပြန် J class လေယာဉ်လက်မှတ် ၀ယ်ပေးလိုက်သေး တယ်။ ဥပမာ - ဒေါက်တာစိန်မြင့်။ လန်ဒန်က Ph. D ရခဲ့ပြီး သွားလေသူ ဒေါ်စုခင်ပွန်း ဒေါက်တာမိုက်ကယ်အဲရစ်(စ်)ရဲ့ မိတ်ဆွေကြီးပါဆိုပြီး အမေရိကားက ဗမာ အတိုက်အခံ လောကထဲ ခုန်ဝင်လာခဲ့တဲ့လူ။

လွန်ခဲ့တဲ့ နှစ်(၂၀)က ABSDFတောခိုကျောင်းသား ခုတော့ အမေရိကန်နိုင်ငံသားစက်ရုံ အလုပ်သမားများအတွက်ကတော့ Y class လေယာဉ်လက်မှတ်ပေါ့။

နအဖက ဓါတ်ငွေ့ရောင်းလို့ရတဲ့ပိုက်ဆံကို ညူကလီးယားမှ မဟုတ်ဘူး။ ဒီနေရာမှာလည်း သုံးပြီး ရင်းလိုက်သေးတယ်။။ ငွေပြန်ပေါ်မဲ့ ခွင်က Fort Wayne မြို့မှာ နယူးယောက် ဗမာ သံရုံးလုပ်ထားပြီးသားမို့ပါ။

လွန်ခဲ့တဲ့ နှစ်(၂၀)က ABSDF တောခိုကျောင်းသား ခုတော့ အမေရိကန်နိုင်ငံသား စက်ရုံအလုပ်သမားများ ဆိုတဲ့ အမာခံအတိုက်အခံ ထောင်နဲ့ချီပြီးရှိတဲ့ Fort Wayne မြို့က ဗမာလောက ဟာလည်း နယူးယောက်ဗမာသံရုံးက ပစ်လိုက်တဲ့ ခုနက အလုံးတစ်လုံး မြို့လည်ခေါင်ကို လာပြီး ကျတာမှာ၊ အုံးအုံးကျက်ကျက်တွေ ဖြစ်သွားတာပါပဲ။ ဖြစ်ချင်တော့ အမေရိကန်စီးပွား ရေးကျလို့ အလုပ်တွေက ပြုတ်နေချိန်ကလည်း ဖြစ်နေသေးတယ်။ အလုပ်တွေ အဆင်ပြေနေ ဆဲ လူတွေကလည်း ဗမာပြည်ပြန်ပြီး ဗမာမိန်းမယူချင်တာနဲ့ မိဘတွေဆီသွားလည်ချင်တယ် ဆိုတဲ့ အိပ်မပျော်သော လက်နက်ကိုင် တော်လှန်ရေးလုပ်ခဲ့စဉ် ညတွေတုံးက မှောင်မှောင် ရီခြယ် ပျံ့လွင့်အတွေးတွေဟာ နအဖကျေးဇူးနဲ့ ခုတော့ လက်တွေ့အကောင်အထည် ပေါ်သွား တော့တာပေါ့။

ဒီထက်လှတဲ့ အကွက်က အင်္ဂလိပ်ဘာသာအရေကျိုသောက်နိုင်တဲ့ ဒေါက်တာခင်မာဦးဆိုတဲ့ ဆရာဝန်မကို နယူးယောက် ဗမာသံရုံးက ဗမာပြည်ကနေ ခေါ်လိုက်ပြီးတော့ Fort Wayne မြို့ကို လွှတ်လိုက်ပါလေရော။ အင်္ဂလိပ်ဘာသာ အခုအထိညံ့ဖျင်းနေကြဆဲ အဲ့ဒီ အမေရိကန် နိင်ငံသားမြန်မာစက်ရုံအလုပ်သမားများ ထောင်ချီရှိရာ Fort Wayne မြို့ကို မြို့ခံ နှစ်(၂၀) သက်တမ်း မြန်မာအမေရိကန်နိုင်ငံသားတွေ မသိသေးတဲ့ ငါးကြင်းဆီနဲ့ငါးကြင်းကျော်တဲ့ “ခွင်” အသစ်ကိုပါ ဒေါက်တာခင်မာဦးကို သင်ပြပေးပြီးမှ နယူးယောက် ဗမာသံရုံးက Fort Wayne မြို့ကို လွှတ်လိုက်တာပါ။ အင်္ဂလိပ်ဘာသာ ဘာမှ အခက်အခဲမရှိတဲ့ ဒေါက်တာခင်မာဦးဟာ သူများနည်းတူပဲ (၂)လ အတွင်း နိုင်ငံရေးခိုလှုံခွင့်ရယူပြီး သကာလ “ခွင်” အသစ်ကို စတင် လိုက်ပါတယ်။ အင်္ဂလိပ်ဘာသာမကျွမ်းကျင်ကြတဲ့ Fort Wayne မြို့ခံ နှစ်(၂၀)သက်တမ်း မြန်မာအမေရိကန်နိုင်ငံသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းproject အမျိုးအမျိုး တွေ အမေရိကန်အစိုးရဆီမှာ တင်လိုက်တာ၊ ခုတော့ ဒေါက်တာခင်မာဦးရဲ့ project ရုံးတွေ မှာ Fort Wayne မြို့ခံ မြန်မာ-အမေရိကန် ABSDFဟောင်းတွေလည်း ၀န်ထမ်းတွေဖြစ်ပြီး အလုပ်ရနေကြပါပြီ။



နယူးယောက် ဗမာသံရုံးက ဗိုလ်မှူးကြီးကျော်စွာမင်းရဲ့ ငါကြင်းဆီစစ်ဆင်ရေး ဒုတိယအဆင့်

အတိုက်အခံတွေ စစ်အစိုးရကိုထောက်ခံ ဘက်ပြောင်းရေးအတွက်လည်း ရှေ့တန်းက ဗျူဟာ မှူး ဒေါက်တာခင်မာဦးဟာ ထိုးစစ်ကို အောင်မြင်စွာ စတင်နေပါပြီ။ ဒီအတိုက်အခံတွေက အင်္ဂလိပ်ဘာသာမကျွမ်းပေမဲ့ နိုင်ငံရေးကိုနားလည်တော့ စာတတ်ပေတတ်ပုဂ္ဂိုလ်တွေနဲ့ ပေါင်း ပြီး ကွန်ဂရက်လွှတ်တော်မှာ သွားသွား ကလိတိုင်း အမေရိကန်နဲ့ ဆက်ဆံရေးကောင်းချင်တဲ့ နအဖအတွက် ဟိုဟာထဲ စမူဆာဝင်ဝင်ပြီး ခုနေသလို ဖြစ်မှာ စိုးရတယ်။ ခုတော့ Fort Wayne မြို့ခံ မြန်မာနိုင်ငံဘွား အမေရိကန်နိုင်ငံသား အတိုက်အခံ(ဟောင်း)များလည်း ဗမာသံရုံးက မေတ္တာလက်ဆောင်ဝယ်ပေးတဲ့ Y class လေယာဉ်လက်မှတ်တွေနဲ့ ဗမာပြည်ကို သွားလိုက် ပြန် လိုက်လုပ်နေကြပါပြီ။ ဗမာပြည်မှာ ရှာလာခဲ့တဲ့ သတို့သမီးလောင်းကို အမေရိကားကိုခေါ် ဘို့အတွက်လည်း I-129F လျှောက်လွှာတွေ အမေရိကန် လ၀က မှာ တင်ထားကြပါပြီ။

မွန်တောခိုကျောင်းသားဟောင်းတွေ ဦးစီးတဲ့ Fort Wayne မြို့ မွန်ယဉ်ကျေးမှုအသင်းတသင်း ဆိုရင်၊ အမေရိကန်အစိုးရက ချပေးတဲ့ ဒေါက်တာခင်မာဦးရဲ့ project တခုက ငွေတွေနဲ့၊ ဗမာ့ ဆိုင်းဝိုင်းကြီး တူရိယာပစ္စည်းအစုံအလင်ကို သင်္ဘောနဲ့မှာယူ ရောက်ရှိလာလို့၊ Fort Wayne မြို့က မွန်မလေးတွေ ဘောင်းဘီဖင်ကြပ်တွေနဲ့ အကတိုက်နေကြတာကိုလည်း၊ ဗီအိုအေက တီဗီအစီအစဉ်မှာ မြင်ကြရပါပြီ။ ရန်ကုန်မြို့က နိုင်ငံတော်ယဉ်ကျေးမှုတက္ကသိုလ်ကတောင်၊ ဒီတီဗီအစီအစဉ်ကိုကြည့်ပြီး Fort Wayne မြို့က ဗမာ့ဆိုင်းဝိုင်းကြီးဟာ သူတို့ ကျောင်းက ဆိုင်းဝိုင်းကြီးထက်တောင် တူရိယာပစ္စည်းတွေ စုံတယ်လို့ ပြောနေပါတယ်။

နယူးယောက်ဗမာသံရုံးက ဗိုလ်မှူးကြီးကျော်စွာမင်းရဲ့ ငါကြင်းဆီစစ်ဆင်ရေးကို ဗျူဟာမှူး ဒေါက်တာခင်မာဦးက အကောင်အထည်ဖေါ် အောင်မြင်လိုက်ပုံကများကတော့ ခုဆို အမေရိ ကန်အစိုးရက ချပေးတဲ့ ငွေတွေနဲ့ Fort Wayne မြို့ကနေ ဗမာလို တီဗီတောင် လွှင့်တော့မှာ ဖြစ်ပါတယ်။ မိုးမခနဲ့ အင်တာဗျူးမှာ ကိုယ့်ဟာကိုယ် သူငယ်ချင်းချင်း စကားစပ်မိပြီး တီဗီလွှင့် ဘို့ လုပ်ဖြစ်သွားတာပါလို့ပြောထားပြီး ဒုက္ခသည်တွေထဲမှာ စာမတတ်သူ အများကြီးပါလို့ တီဗီ ရိုက်ဘို့ စိတ်ကူးပေါ်လာတာပါလို့ ဒေသခံ စာနယ်ဇင်းတွေက ရေးကြတယ်။ ရုပ်သံလိုင်း မရှိ သူတွေ ကြည့်ဘို့ ဒီတီဗီအစီအစဉ်တွေကို DVDနဲ့ဖြန့်မယ်လို့လည်း ပြောပါတယ်။ ဘယ်သူကမှ ဒေါက်တာခင်မာဦးရဲ့ များစွာသော project တွေထဲက တခုပါလို့ အင်တာဗျူးတွေမှာ မပြော ကြဘူး။ မိုးမခတောင် ဒါကို မသိလို့ ဒီဗျူး ခန်းကိုထည့်ပေးတာနေမှာ။ (ဒီမှာ)




ကျားနဲ့ဆင် ဒီ“ခွင်”မှာ တွေ့ကြပါပြီ။ ဒီ“ခွင်”ကို ဆင်ထားတဲ့ မူလ“ခွင်”ပိုင်ရှင်က နယူးယောက် ဗမာသံရုံးက ဗိုလ်မှူးကြီးကျော်စွာမင်း။ သူက “ဆင်” ဆိုရင် အခု ဒီ “ခွင်”ထဲကို ၀င်လာတာက “ကျား” သင်းကိုကို။

Fort Wayne မြို့ကနေ ဗမာလို တီဗီလွှင့်မှာကို တီဗီလုပ်ငန်း နကန်းတလုံးမှမသိတဲ့ မြို့ခံ ဦးသီရိဘကြည် ခေါ် ဦးသီဟ က ရှေ့က နံမည်ခံပြီး နောက်ကနေ သူ့လက်သူ့ခြေ အကုန်လုပ် မဲ့ သင်းကိုကို။

ဗိုလ်မှူးကြီးကျော်စွာမင်းရဲ့ ဗျူဟာမှူး ဒေါက်တာခင်မာဦးလောက်ကို ပိဿာချိန်နဲ့ ရောင်းစား သွားမဲ့ သင်းကိုကို။ မြ၀တီရုပ်သံက ကင်မရာတွေ မပြီး ပြေးသွားသူပါလို့၊ န၀တ က ကြေညာ ခံခဲ့ရဘူးတဲ့ သင်းကိုကို။ DVB ရုပ်သံ စစချင်း DVB အတွက် ရသမျှ မာစီးဒီးဝယ်စီးပြီး အိမ်ဖေါ် တွေ ဘာတွေနဲ့ နော်ဝေ မှာ အကျအန နေခဲ့တဲ့ သင်းကိုကို။ DVB က ခိုးနေတာပေါ်သွားတော့ ကန်အထုတ်ခံရချိန်မှာ DVBက data hard driveကြီးကို ဖျက်ဆီးပြီးမှ နော်ဝေကနေ ထွက် လာခဲ့တဲ့ သင်းကိုကို။ အရင် သူလုပ်ခဲ့တဲ့ ဘန်ကောက် FTUB ရုံးကနေပါ ဦးမောင်မောင်က ကန်ထုတ်လိုက်တဲ့ သင်းကိုကို။ ပြေးစရာ မြေမရှိနဲ့ အမေရိကားရောက်လာရာက အေးအေး မနေပဲ၊ Fort Wayne မြို့က ဗိုလ်မှူးကြီးကျော်စွာမင်း နဲ့ ဒေါက်တာခင်မာဦးတို့ရဲ့ ငါးကြင်းဆီ စစ်ဆင်ရေးထဲက “ခွင်”ထဲကို ၀င်လာတဲ့ “ကျား” သင်းကိုကို။

ဗိုလ်မှူးကြီးကျော်စွာမင်း ကုလားထိုင်လှုပ် ဒေါက်တာခင်မာဦး Fort Wayne မြို့ကနေ တော ထုတ်ခံရပြီး ငါးကြင်းဆီစစ်ဆင်ရေးထဲက “ခွင်”တခွင်လုံး သင်းကိုကို အုပ်သွားရင်တော့ ကြည့် ကောင်းလိုက်မဲ့ ဖြစ်ချင်း။

နောက်ထပ် “ခွင်”ကတော့ ၀ါရှင်တန်ကနေ ဘန်ကောက်ကို ရွေှ့သွားတဲ့ “ခွင်”ပါ။ အမေရိကန် အစိုးရရဲ့ USAID က ဒေါ်လာသန်းပေါင်းများစွာနဲ့ အမေရိကန် NGOတွေ ဗမာပြည်ထဲ ၀င်ဘို့ လုပ်တဲ့ နေရာမှာ USAID ရှေ့တန်းရုံးကို ဘန်ကောက်မှာ ဖွင့်လိုက်ပါပြီ။ ရှေ့တန်းရုံးကို ဦးစီးဘို့ လူရှာနေတာကြားတဲ့ အဝေးရောက်NCGUBရုံးရဲ့ ညွန်ကြားရေးမှူး ဦးစိုးပိုင်က သိပ်သွက်ပါ တယ်။ အမေရိကန်အမျိုးသားနဲ့ အိမ်ထောင်ပြုထားတဲ့ အမေရိကန်တက္ကသိုလ်ဘွဲ့ရ သူ့သမီး စန္ဒီကို USAIDရှေ့တန်းရုံးရဲ့ ညွန်ကြားရေးမှူးအဖြစ်ခန့်ဘို့ ၀ါရှင်တန်ဗမာသံရုံးရဲ့ နောက်ကွယ် က စီစဉ်ဆက်သွယ်ညှိနှိုင်းပေးမှုနဲ့ အမေရိကန်အစိုးရကိုချဉ်းကပ် အဆိုတင်လိုက်တာ အောင် မြင်သွားခဲ့ပါပြီ။ ခုတော့ ၀ါရှင်တန်NCGUBရုံး ရဲ့ညွန်ကြားရေးမှူးဦးစိုးပိုင်လဲ အဝေးရောက် အစိုးရကို ၀ါရှင်တန်ကပန်းခြံတွေထဲမှာ ပစ်ထားခဲ့ပြီး ညွန်ကြားရေးမှူးစန္ဒီရဲ့ ရှေ့တန်းရုံးရှိရာ ဘန်ကောက်ကို ပြောင်းရွေှ့နေထိုင်နေပါပြီ။

နောက်နှစ်ဆို proposal ရပ် ရိက္ခာပြတ်ကြတော့မယ်ဆိုတာသိတဲ့ အလွန်လျင်တဲ့ ထိုင်း-မြန်မာ နယ်စပ်က တော်လှန်ရေးခေါင်းဆောင်ကြီးငယ် size ပေါင်းစုံဟာလည်း ဗမာပြည်ထဲဝင်ကြ တော့မဲ့ အမေရိကန်NGOတွေထဲမှာ အလုပ်ရဘို့ ဒါမှမဟုတ် ကိုယ်တိုင် NGOတခုကို ဆရာ ကြီး လုပ်နိုင်ဘို့ ဗမာပြည်ထဲက “ခွင်”အသစ်ထဲ ၀င်ပြီး ကိုယ့်အတွက် “ခွင်”ထပ်ရှာကြဘို့ စိုင်းပြင်းနေကြပါပြီ။ ဘန်ကောက်မှာ နောက်ကွယ်ကနေ နအဖက သူတို့လူ ညွန်ကြားရေးမှူး စန္ဒီကတဆင့် ကြိုးကိုင်မဲ့ ဗမာပြည်အတွက်USAIDရှေ့တန်းရုံးမှာ တော်လှန်ရေးခေါင်းဆောင် ကြီးငယ်တွေ သူ့ထက်ငါ တိုးဝှေ့ဦးခိုက်နေကြပါပြီ။ အမေရိကန်အစိုးရကတော့ မသိရှာဘူး။ အိုဘားမားရဲ့ ထိတွေ့ဆက်ဆံရေးပေါ်လစီ အောင်မြင်ပြီး ဗမာပြည်မှာတဖြည်းဖြည်း Change ဖြစ်သွားမယ်လို့ ထင်နေရှာတယ်။ အောင်မြင်တာတော့ အောင်နေပါပြီ။ ရှေ့တန်းရုံဖွင့်ရုံပဲရှိ သေး အမေရိကန် NGOတွေ ဗမာပြည်ထဲခြေမချရသေးခင်မှာကို “ခွင်”ဆရာကြီးဆရာမကြီး တွေ အတွက်ကတော့ အောင်မြင်သွားခဲ့ပါပြီ။

“ခွင်”ဆိုလို့ အမေရိကားထဲက “ခွင်”အသစ်တစ်ခုလည်း ရှိပါသေးတယ်။



ကယ်လီဖိုးနီးယားပြည်နယ်က အမေရိကန်အောက်လွှတ်တော်အမတ် ရိုနာဘာဂါက စစ်မှန်တဲ့ ဗမာ့ဒီမိုကရေစီအရေးအတွက် ဗမာစစ်တပ်ထဲက မျိုးဆက်သစ်စစ်သားတွေက လုပ်မှ ရနိုင် မယ်လို့ ကြေညာချက်တစ်စောင်ထုတ်ခဲ့တယ်။ အဲ့ဒီမှာ၊ ခွေးသေကောင်ပုဒ်ကို ဠင်းတတွေ ၀ိုင်းဆွဲကြသလို၊ ရိုနာဘာဂါဆီကို အပြေးအလွှား သူ့ထက်ငါဦးအောင် proposal တွေ project တွေ ၀ိုင်းတင်ကြတော့တာပဲ။ ကျနော်ကတော့ ပြည်တွင်းက စစ်တပ်ထဲမှာ အဆက်အသွယ် တွေရှိပါတယ်၊ ကျမကတော့ ပြည်တွင်းက စစ်မှုထမ်းဟောင်းတွေကို အိတ်ထဲထည့်ထားနိုင်ပါ တယ်၊ စုံလို့ပဲ။ ရိုနာဘာဂါရဲ့ ၀ါရှင်တန်က အောက်လွှတ်တော်အမတ်ရုံးကို ကုန်းလမ်းရေလမ်း လေလမ်းတွေကနေ ချီတက်လာကြတာ။ ချင်းမိုင်မှာ ဆယ်နှစ်ဆယ်မိုး အရပ်ဘက်စစ်ဘက် ဆက်ဆံရေးပါမောက္ခလိုလို ဘာလိုလိုလုပ်လာခဲ့တဲ့ ဟားဗတ်သုံးလသင်တန်းတက်ဘူးသူတွေ ရဲ့ ဗန္ဒု ဓနု လဥ bahu အဖွဲ့ဝင် အမေရိကန်မ ယောက်ျားတယောက်လည်း မိသားစုနဲ့အတူ အပြေးအလွှားပဲ ၀ါရှင်တန်ကို အပြီး ပြန်ပြောင်းလာပါပြီ။ သို့ကလို ရိုနာဘာဂါရဲ့ ၀ါရှင်တန်က အောက်လွှတ်တော်အမတ်ရုံးနားမှာ ၀ဲနေကြတဲ့ ဠင်းတတွေထဲမှာ၊ စစ်သားဟောင်းဆိုလို့ စစ်ဗိုလ်ဆရာဝန်လုပ်ဘူးတဲ့ အဝေးရောက်အစိုးရကုလသမဂ္ဂတာဝန်ခံ ဒေါက်တာသောင်းထွန်း ပဲ တွေ့ရတယ်။ ဗမာပြည်စစ်တပ်ထဲက ဒီမိုကရေစီလိုလားသူ စစ်သားတွေ ဗမာစစ်အစိုးရရဲ့ စစ်ပြန်အဖွဲ့ထဲက ဒီမိုကရေစီလိုလားသူ စစ်သားဟောင်းတွေနဲ့ ပြည်ပရောက် ဒီမိုကရေစီ လို လားသူ စစ်သားဟောင်းတွေနဲ့ကို ချိတ်ဆက်ပြီးကွန်ယက်ကြီးဖြစ်လာဘို့ သူလုပ်နိုင်တယ် ဆို တဲ့ ဒေါက်တာသောင်းထွန်းရဲ့ နှစ်ရှည်စီမံကိန်းအတွက် ကုန်ကျစားရိတ်အသေးစိတ်နဲ့ တင်ပြ ထားတဲ့ proposal အထူကြီးတအုပ်လဲ၊ ဘုတ်ကနဲ ရိုနာဘာဂါရဲ့ရုံးခန်းထဲ ကျရောက်သွားခဲ့ ပါပြီ။ တစ်ခါမှ ဖုံးမဆက်ဘူးတဲ့ တစ်ကမ္ဘာလုံးက ဗမာစစ်သားဟောင်းတွေဆီကို ဒေါက်တာ သောင်းထွန်း ဖုံးတွေတဂွမ်ဂွမ်ဆက်နေရှာတယ်။ စည်းရုံးတဲ့အထဲမှာ ဗမာပြည်ဒီမိုကရေစီ အကြောင်းပဲပါတယ် တဲ့။ ရိုနာဘာဂါ ကြေညာချက်တို့ ဘာတို့ တခွန်းမှ မဟဘူးတဲ့။ စစ်သား ဟောင်းဆိုတဲ့လူတွေကလည်း ဠင်းတချင်းတူပေမဲ့ ခပ်တုံးတုံးတွေဆိုတော့၊ ရိုနာဘာဂါကြေညာ ချက်ကိုလည်း မသိဘူး။ သိလည်း ဒါဟာ၊ ရပ်ကွက်ထဲကိုရောက်လာတဲ့ အသစ်ကလေးလို့် “ခွင်” ဆရာကြီးဆရာမကြီးတွေလို ရှုမြင် နားလည်သဘောပေါက်ကြမဲ့ ဠင်းတမျိုးတွေ မဟုတ် ပြန်ဘူး။ ဒေါက်တာသောင်းထွန်းရဲ့ “ခွင်” မှာ အသုံးချခံရတော့မယ်ဆိုတာ မသိကြတဲ့ စစ်သားပီပီ ခဲတံချွန်စက်မရှိတဲ့ အရပ်ကလူတွေလိုပါပဲ။

“ခွင်”တွေကတော့ အငြိမ့်တွေရဲ့ အက ရာသီခွင်တွေလိုပါပဲ။ သူ့ရာသီနဲ့သူ ခေတ်မှီမှီ စတိတ်ရှိုး တွေထည့် မင်းသမီးတွေကို အားကစားဇာတ်လမ်းနဲ့ မလုံ့တလုံဝတ်ပြတာတွေ ထည့်နိုင်တဲ့ခွင် တွေက အစ်ကိုကာလသားတွေ တရုန်းရုန်းနဲ့ ပွဲစည်ပြီး အားလုံးလည်း ညကြေးတွေ ပိုပြီးရကြ တွက်ခြေကိုက်ကြတာပေါ့။

သြော် ရပ်ကွက်ထဲက “ခွင်”တွေ အကြောင်း ပြောပါတယ်။

(ယူအက်(စ်)အေ ရုက္ခစိုး)

Pro-election Think Tank Feels the Pressure (Burma)


“When the dictators and the opportunists are gone,

the cross will still stand before us and something in us will say,
''That is the real thing.''”

Ralph W. Sockman




Pro-election Think Tank Feels the Pressure By WAI MOE Wednesday,
July 21, 2010

Burma's election will attract an estimated 77 percent turnout, according to the Burmese “think tank” Myanmar Egress.

The group, which describes itself as a “third force” in Burmese politics, announced its estimate at meetings in the Thai capital, Bangkok, with diplomats and non-governmental organization officials
from Europe.

At one meeting in Bangkok last week, participants were told that a survey undertaken by Myanmar Egress after the 2008 constitutional referendum found that 85 percent of respondents agreed with the
constitution—very close to the government's claim that 93.8 percent of voters had cast “yes” ballots.

Although Myanmar Egress claims political independence, it supports the planned election, advocating it at meetings such as those it held in Bangkok and with donor organizations from Europe. A pro-election Thailand partner, the Vahu Development Institute took part in the meetings.

At a meeting last week in Bangkok, said a source, “they made several presentations to diplomats and foreign NGOs and expert groups regarding the election.”

“Basically they asked money from European countries. Interesting is that they claimed at the meeting that key political parties for the coming election give them a mandate to seek funding aboard.”

The press were not invited to the meeting and Aung Naing Oo of the Vahu Development Institute declined to describe the proceedings when
contacted by The Irrawaddy. When contacted by The Irrawaddy, Myanmar Egress denied the meeting had even taken place.

Main speakers at the Bangkok meeting were businessman Hla Maung Shwe, vice president of the Myanmar Egress, and its general secretary Nay Win Maung, who is owner of Living Color magazine and The Voice Weekly journal.

Hla Maung Shwe, a key member of the Myanmar Shrimps Association, was a member of the opposition National League for Democracy in the 1980s and 1990s. He was arrested in the early 1990s and spent three years in prison.

Hla Maung Shwe's younger brother is Brig-Gen Hla Myint Shwe, commandant of Defense Services at the Institute of Nursing and Paramedical Science, according to sources.
Sources said the Bangkok meeting was shown video footage of three Burmese political parties—the National Democratic Force (NDF), the Democratic Party (Myanmar), led by veteran politician Thu Wai, and the Union Democratic Party (UDP).

“They came to our office and interviewed us on the difficulties we are facing,” said Khin Maung Shwe, a NDF leader. “We sent messages to the international community through them as they requested, as we think the media is biased. That is all. We did not give any mandate to them for any purpose,”

Phyo Min Thein, a leader of the UDP, also denied his party had given any mandate to Myanmar Egress. “A few weeks ago, they came to take a video about our perspective on the election and the difficulties,” he said.

A third denial of any mandate issued to Myanmar Egress came from Cho Cho Kyaw Nyein of the Democratic Party (Myanmar). “We are not dependent on others, including for funding,” she said.

The Myanmar Egress is popular with some young people who want to study abroad as they can build capacity at the group’s training sessions in Rangoon, Bangkok and Chiang Mai, Thailand.

According to a report in The Christian Science Monitor in June, Tin Maung Thann of Myanmar Egress said training young people in areas such as rural development, and securing the best and brightest to study overseas, is one way to speed change.

Nevertheless, most young intellectuals are critical of Myanmar Egress, accusing it of pro-government bias.

“The Myanmar Egress or the “Third Force” people say they are not for the government or the opposition. But what they say and write are
quite biased, advocating the junta’s constitution and election,” said a young Rangoon researcher who spoke on condition of anonymity.
“However, they are quite clever when they meet diplomats and foreigners, speaking like pro-democracy activists.”

Myanmar Egress executives are the product of the country's elite.

Nay Win Maung is the son of a military officer and a friend of former spy chief Gen Khin Nyunt’s son, Ye Naing Win. Helped by good
connections with the ruling generals, Nay Win Maung and Ye Naing Win established Living Color magazine in the late 1990s.

Nay Win Maung was also an executive member of the Kanbawza Bank run by Aung Ko Win, one of the junta’s associates.

Executive members of Myanmar Egress benefit from opportunities from the military rulers in the export and import business, including
diesel import licenses.

It has been alleged that Nay Win Maung and his colleagues have reported to government agencies such as the Military Affairs Security
and the Special Branch of the Burma police.

“The West knows what the 'Third Force' is really up to. But they—western policy circles of academics, diplomats, NGOs, donor agencies, etcetera— want to expand their 'own' space together with an organization like Egress,” said a Burmese political analyst in Rangoon.

According to observers in Rangoon, contacted by The Irrawaddy, Myanmar Egress also has created opportunities for foreigners to work with the organization and conduct research. Other groups that try to
organize similar classes or activities are immediately harassed or banned by the authorities.

Sources said the Myanmar Egress is now engaged in educating voters, teaching them the SPDC constitution and encouraging participation in the election.

Official limitations are still placed on Myanmar Egress, however. Training sessions held outside the organization's premises have been banned in the past by the authorities.

“The space Myanmar Egress has enjoyed is not a benchmark for our civil liberties,” one source said. “Now, some foreigners got distracted by this illusion of 'space,' a pure rhetoric of the Third Force which
came into our political vocabulary only a few years back.”

An article in The Voice by Nay Win Maung in favor of the constitution and the election was even reportedly suppressed and the magazine ordered to close for two weeks because one minister was upset by its moral tone.

“The article was totally pro- constitution, pro-election and pro-roadmap of the junta,” said a Rangoon editor. “But journalists here learned that one minister read the article and got angry because
the article adopted a morally high ground tone.”

The editor, who works for a private publication, commented: “The 'third force” people said they know how to create political space under military rules. But the space even for apologists of the system
is limited.”



“We don't have professional burglars here. We have opportunists.”

Gerald Cvetko


Dr. Nay Win Maung and civil society

Monday, 29 March 2010 12:27 Thomas Maung Shwe
E-mail Print PDF

(Mizzima) - Following a hotly debated panel discussion on Burma’s future held Monday morning at Bangkok’s Chulalongkorn University, journalists from Mizzima and the Democratic Voice of Burma (DVB) requested follow-up interviews with featured speaker Dr. Nay Win Maung, Burmese media mogul and co-founder of Myanmar Egress, a NGO that receives foreign funding to conduct civil society and entrepreneurial training workshops. Dr. Nay Win Maung is also associated with a loose alliance of organizations and individuals that claim to neither represent the regime nor the National League for Democracy, yet support the nation’s upcoming and increasingly controversial national elections.

Dr. Nay Win Maung, as it happens, politely declined the request for an interview.
Dr.Nay-Win-Maung1

Dr.Nay Win Maung



His comments during his panel presentation, however, gave the overall impression that things in Burma were gradually changing for the better. He told the assembled audience of Burmese dissidents, foreign diplomats and journalists that as Burma’s economy continues to be liberalized, military-civilian relations can also change over time.

During the presentation’s Q&A session when responding to a question about military cronies getting prized national assets, Dr. Nay Win Maung acknowledged that while the current phase of privatization “is in a way shaping the future winners and losers” those who buy the assets would still have to remain competent business owners “because if you’re not competitive then you will go bankrupt. It’s not the 100 meter run, it’s a marathon. So, starting ahead of the rest of the players doesn’t necessarily mean you win.”

Dr. Nay Win Maung’s positive spin on the privatization scheme currently plaguing Burma rings rather hollow. Recent examples from nations like Russia, Uzbekistan and Indonesia, which all experienced the rapid privatization of key state assets sold off to a small group of insiders at fraudulently low prices, shows that no matter how incompetent the cronies are they will remain wealthy and powerful due to the massive advantages initially received. Despite the overthrow of the Suharto regime more than a decade ago, lucrative business deals that his cronies and his children received during his rule ensure they are still key players in the Indonesian economy today, and in fact some of the richest people in the world.

During his presentation Dr. Nay Win Maung raised some eyebrows when he claimed that if parties at the state legislature level were able to gain a majority, then using the power granted to local governments by the constitution they could “easily” implement their desired policies. He neglected to mention, however, that the likelihood that opposition parties could achieve a majority at either the state or federal level is extremely slim, especially given that 25 percent of seats are reserved for appointed military officers.

In a 2008 email sent to Burmese opposition and ethnic leaders, a copy of which was obtained by The Irrawaddy, Dr. Nay Win Maung called on Aung San Suu Kyi to “provide a goodwill gesture in [giving Than Shwe a way out] by saying yes to the constitution.” That the new constitution bars Aug San Suu Kyi from ever serving as her party’s leader does not seem to bother Myanmar Egress. In Dr. Nay Win Maung’s words the jailed opposition leader must “learn to differentiate between genuine opposition politics and confrontational politics.” Another suggestion he put forth was that the NLD should agree to only contest half of the seats in the 2010 election, thus sending the signal that they do not want to take power but merely be in opposition.

In addition to his work with Myanmar Egress, Dr. Nay Win Maung is also publisher of Living Color magazine and The Voice weekly. The Burmese regime allows both journals to publish translations of foreign newspaper Op-Eds by the likes of Thant Myint U and Jim Webb, writings that favor Western economic engagement with the Burmese regime. Dr. Nay Win Maung co-founded Living Color magazine with the help of Ye Naing Win, son of former SPDC Prime Minister and Military Intelligence Chief Khin Nyunt. When Khin Nyunt was purged from the Burmese junta following an internal power struggle, Ye Naing Win ceased being officially associated with the publication.

The Irrawaddy magazine also alleged in April 2008 that Dr. Nay Win Maung “reportedly has concessions in the timber industry and is also an executive member of Kanbawza Bank, which is closely connected to the junta’s No. 2, Vice Snr-Gen Maung Aye.”

Due to its close associations with Maung Aye, Kanbawza Bank remains on the European Union’s Burma sanctions list as does its head Aung Ko Win (a.k.a. Saya Kyaung). The bank recently purchased an 80 percent stake in state-owned Myanmar Airways International, in what many critics argue was a fraudulent and illegitimate privatization gift to the junta’s cronies. Unfortunately due to Nay Win Maung’s refusal to be interviewed, Mizzima was unable to verify if he still has any role with Kanbawza Bank or if he still maintains a financial connection with the blacklisted firm.

Dr. Nay Win Maung’s background, according to the Washington Post, is that of “a son of a military officer brought up among Burma's military elites, giving him good connections to military insiders.” According to the Wall Street Journal it was these connections that made him a useful intermediary between Oxfam International and the Burmese regime following Cyclone Nargis.

In light of his privileged position as a member of Burma’s elite it is easy to see why Dr. Nay Win Maung would be allowed by the Burmese regime to travel overseas as a representative of Burma’s “civil society”.

Mizzima has learned from sources inside Burma that Dr. Nay Win Maung claimed to friends and diplomats during the height of Aung San Suu Kyi’s 2009 trial that all of Burma’s ’88 generation students were in favor of taking part in the 2010 elections except for Min Ko Naing. This proved to be quite untrue, as did his claim that jailed comedian Zarganar had been acting as an intermediary between the regime and the ’88 generation students.

When Mizzima interviewed a fellow member of Myanmar Egress about Dr. Nay Win Maung’s presentation in Bangkok, he replied that Dr. Nay Win Maung was speaking for himself and not on behalf of Myanmar Egress. Despite this claim many of Nay Win Maung’s opinion’s are expressed in Myanmar Egress‘s work and publications. In June 2009 the Wall Street Journal reported that a study published by Myanmar Egress which was written by Dr. Nay Win Maung suggested that the NLD should not contest more than 50% of the seats in the 2010 national election (a proposal also made in his email to ethnic and political leaders that was leaked to the Irrawaddy).

Myanmar Egress’s offices are located in a mid-range Rangoon business hotel. As the organization charges students as much as a US $100 to a short course, Myanmar Egress’s classes are for the most part limited to members of Burma’s elite and upper middle class. Myanmar Egress does, however, claim to offer some scholarships to those students in financial need.

According to the Myanmar Egress website, which is almost exclusively in English, the NGO was formed “by a group of Myanmar nationalists [sic] committed to state building through positive change in a progressive yet constructive collaboration and working relationship with the government and all interest groups, both local and foreign.” How one can bring about progressive change by working in collaboration with Burma’s regime while it insists on jailing more than 2,100 political prisoners and is busy selling off the nation’s most prized assets to cronies remains to be seen.

That Myanmar Egress favors economic engagement with the West as a way of solving Burma’s many problems is hardly surprising given that several of its board members stand to gain financially from the Burmese economy’s further integration in the global marketplace. The NGO’s President, Tin Maung Than, is Vice-President of the Myanmar Fisheries Federation and according to the New York Times an adviser to Burma’s new rice industry association, while Vice-President Hla Maung Shwe is Chairman of the Myanmar Shrimp Association. As both Burma’s commercial fishing and shrimp sectors are known for widespread labor rights abuses, environmental destruction and close links with the military, it is questionable how industry representatives could contribute in a positive way to assisting a Burmese civil society NGO. Nonetheless, according to the Wall Street Journal, in 2009 the British development agency gave Myanmar Egress funding to conduct aid management training.

Hla Maung Shwe is reported to have been a former political prisoner. Following his release from prison he shifted his focus to business. According to Mizzima’s sources, he plays a key role in Myanmar Egress despite having a relatively low profile.

With a media mogul, two fishing executives, a senior travel company representative and an assortment of other major businesspeople on its board, Myanmar Egress looks more like a chamber of commerce than a civil society organization. It is therefore no surprise that in a November 2008 press release, ActionAid, an international partner of Myanmar Egress, described the organization as a “voluntary wing” of the Myanmar Chamber of Commerce. Meanwhile, much of Burma’s real civil society remains behind bars, in exile or underground.



With Regard,
Blogger Alinsek

မမေ့အပ်တဲ့ သခင်ကိုယ်တော်မှိုင်း

တကယ့်တကယ်
တွန်းလှန်ဖို့အရေးကလဲ
မဝေးတော့ပြီမို့
အရေးကြီးလျှင်ဖြင့်
သွေးစည်းပြီး သွေးနီးရာဆိုသည့်အတိုင်း
ကိုင်း...ထထကြွကြွနှင့်
ဝိုင်းကြပေရော့...

သခင်ကိုယ်တော်မှိုင်း


သခင် ကိုယ်တော်မှိုင်း (၁၈၇၆ - ၁၉၆၄)

1. အမည်ရင်း - မောင်လွမ်းမောင်

2. မိဘအမည် - ဦးစံဒွန်း + ဒေါ်အုန်း

3. မွေးသက္ဗရာဇ် - ၁၈၇၆ ခု၊ မတ်လ ၂၃ ရက်၊ မြန်မာ သက္ကရာဇ် ၁၂၃၇ တပေါင်းလပြည့်ကျော် ၁၄ ရက် ကြာသပတေးနေ့

4. မွေးဖွားရာဒေသ - ရွှေတောင်မြို့နယ်၊ ဝါးလယ်ရွာ

5. ကလောင် အမည်ခွဲများ - ရွှေတောင် မောင်လွန်း၊ မစ္စတာ မောင်မှိုင်း၊ ပဏ္ဍိလေး၊ မောင်သမာဓိ၊ မစောညွန့်

6. မွေးချင်း - မွေးချင်း ၅ ယောက်အနက် ဒုတိယမြောက်


ကိုယ်ရေး ဖြစ်စဉ်

၁၈၈၃၊ ခုနှစ်သား အရွယ်တွင် ဦးလေး တော်စပ်သူ ဦးပဉ္စင်း ဦးသီရိနှင့် အတူ မန္တလေးမြို့သို့ လိုက်ပါ လာပြီး မြတောင် ကျောင်းတိုက် မြတောင် ဆရာတော် ဘုရားကြီး၊ ကျီးသဲ လေးထပ် ပထမ ဆရာတော်ကြီး (ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန - ရုံးချုပ်၊ စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း၊ ပအကြိမ်ထုတ် ၂ဝဝ၃၊ ဧပြီ) ထံတွင် ကိုရင်ဝတ်ဖြင့် ပညာ သင်ယူ ခဲ့သည်။ ရှင်အမည် ပဏ္ဍိတ။

၁၈၈၅ နိုဝင်ဘာ ၂၉ (၁၂၄၇ တန်ဆောင်မုး လဆုတ် ၈ ရက်) တွင် သီပေါ ဘုရင်နှင့် မိဖုရား ပါတော်မူသည့် အနဋ္ဌာရုံ မြင်ကွင်းကို 'စာတော်ဝန် ဦးခဲ' ကျောင်း လက်ရန်း ပေါ်မှ မြင်တွေခဲ့၊ ကြေကွဲ မျက်ရည် ကျခဲ့သည်။ ထိုနေ့မှာပင် စိတ်ပျက်ပြီး သပိတ် တစ်လုံး သင်္ကန်း တစ်ထည်နှင့် စစ်ကိုင်းဘက် တောထွက်ခဲ့သည်။ စစ်ကိုင်း၊ မုံရွာ၊ အလုံ၊ ကြေးမုံ၊ ချောင်းဦး၊ မောင်းထောင်၊ ဘုတလင်၊ ကနီ ဒေသ များသို့ ခြောက်နှစ်ခန့် လှည့်လည် စာသင်ခဲ့သည်။ အဂ္ဂိရတ် ဖိုထိုးခြင်း ဝါသနာ ပါသည်။

၁၈၉၄ မှာ ဖခင် ဦးစံဒွန်း ကွယ်လွန် ခဲ့ပြီး၊ အသက် (၁၉) နှစ် အရွယ်တွင် ရဟန်း ဘဝမှ လူဝတ် လဲခဲ့သည်။ ၁၈၉၇ အသက် ၂၂ အရွယ်မှာ အစိုးရစစ် ၇ တန်း စာမေးပွဲကို မုံရွာမြို့ အလွတ် ပညာ သင်ကျောင်းမှ ရဟန်း အမည် ပဏ္ဍိတဖြင့် ဝင်ရောက် ဖြေဆို အောင်မြင် ခဲ့သည်။

၁၈၉၈ မှာ မော်လမြိုင်သို့ ရောက်ပြီး၊ 'မြန်မာတိုင်း' သတင်းစာတွင် ပဏ္ဍိလေး ကလောင် အမည်ဖြင့် ကဗျာများ၊ စာများ ရေးခဲ့သည်။ ၁၉ဝဝ မှာ ရန်ကုန်သို့ ရောက်လာပြီး ဆူးလေ ဘုရားလမ်းရှိ 'ဇမ္ဗူ ကျက်သရေ စာပုံနှိပ်တိုက်' တွင် စာစီ အဖြစ် ဝင်လုပ်သည်။ ၁၉ဝ၃ ခုမှာ ရန်ကုန် ကြည့်မြင်တိုင် ငါးကြော်ဖိုရပ်နေ ဆန် စပါး ပွဲစား ဦးနု၊ ဒေါ်နှင်း တို့၏ သမီး ဒေါ်ရှင်နှင့် လက်ထပ်သည်။ ဇမ္ဗူ ကျက်သရေ စာပုံနှိပ်တိုက်မှ တဆင့် 'ရန်ကုန်တိုင်း သတင်းစာတိုက်' သို့ ပြောင်းရွှေ့ လုပ်ကိုင်ကာ ဇတ်စာများ ရေးသား ခဲ့သည်။ ၎င်း သတင်းစာ တိုက်မှ တဆင့် မော်လမြိုင်မြို့ 'မြန်မာတိုင်း' သတင်းစာတွင် အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင် ပြန်ပြီး၊ ပဏ္ဍိလေး၊ မောင်သမာဓိ ကလောင် အမည်များဖြင့် ဆောင်းပါးများ ရေးသား ခဲ့သည်။ မော်လမြိုင် ရာဇဝင် ဝတ္ထုကို ရွှေတောင် မောင်လွန်း အမည်ဖြင့် ၁၉ဝ၅ ခုနှစ်တွင် စတင် ရေးသား ခဲ့သည်။ ၁၉ဝ၇ တွင် 'မော်လမြိုင် နတ်လမ်းညွှန်' ကို မစောညွန့် ဟူသော ကလောင် အမည်ဖြင့် ရေးသား ခဲ့သည်။

၁၉ဝ၇ ခုမှာ မြန်မာတိုင်း သတင်းစာ ရပ်နား ခဲ့သဖြင့်၊ ဟင်္သာတမြို့ 'အမရဝတီ ပုံနှိပ်တိုက်' သို့ စာပြု၊ စာပြင် အယ်ဒီတာ အဖြစ် ခေတ္တ ဝင်လုပ်ခဲ့ သေးသည်။ ၁၉၁၁ ခု သူရိယ သတင်းစာ စတင် ထုတ်ဝေ သည်နှင့် အယ်ဒီတာ အဖြစ် တာဝန် ယူပြီး၊ ခေါင်းကြီးနှင့် ဘုန်းကြီးပျံ ဒီပနီကို ရေးသား ခဲ့သည်။

နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ်၊ အမျိုးသား ရေးစိတ်ဓာတ် ပြင်းထန်သော ဆရာကြီးသည် အမည် ရှေ့တွင် မစ္စတာ ထည့်ခေါ်သည်ကို မနှစ်မြို့ ရှုတ်ချ လိုသည်။ ထို့ကြောင့် ၁၉၁၂ တွင် 'သူရိယ သတင်းစာ' တွင် ရက်ခြား ရေးသားသော ကြာဋီကာ ဆောင်းပါးများ မှစ၍၊ မစ္စတာ အမည်တပ် မြန်မာ များကို သိက္ခာ ချသော အားဖြင့် ရာဇဝင်လာ အမည်ဆိုး တခု ဖြစ်သော ဦးကြီး၏ ချဉ်ပေါင် ရွက်သည် မောင်မှိုင်း ဝတ္ထုတွင် လူရှုပ် လူပွေ လူယုတ်မာ အဖြစ် ပါဝင်သော မောင်မှိုင်း၏ အမည် ရှေ့တွင် မစ္စတာ တပ်၍ မိမိ ကလောင် အမည်ကို မစ္စတာ မှိုင်းဟု စတင် သုံးစွဲ ခဲ့သည်။

၁၉၁၄ မှာ ဇနီး ဒေါ်ရှင် ကွယ်လွန်ခဲ့၊ သား သမီး လေးဦး ကျန်ရစ်ခဲ့သည်။


၁၉၁၉ ခု၊ ဇူလိုင်လ ဝိုင်အမ်ဘီအေ အသင်းချုပ်ကြီးက ကြီးမှူး၍ ဦးပု၊ ဦးဘဘေနှင့် ဦးထွန်းရှိန် တို့ကို ဘိလပ်သို့ ကိုယ်စားလှယ် အဖြစ် လွှတ်၍ ဟုမ္မရူး အတွက် အရေး ဆိုခိုင်းသော အခါ 'သြဒိဿ မတ္ထနာ လေးချိုးကြီး' ရေးသားပြီး ကောင်းချီး သြဘာ ပေးခဲ့သည်။

၁၉၂၁ ခုနှစ်တွင် အမျိုးသား ကောလိပ် ပေါ်ပေါက် လာသော အခါ သူရိယ သတင်းစာ အယ်ဒီတာ အဖြစ်မှ နုတ်ထွက်ပြီး၊ အမျိုသား ကောလိပ်၌ မြန်မာစာနှင့် ရာဇဝင် ပါမောက္ခ္ခ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ထိုနှစ်တွင် ဂျော့ဘုရင် သားကြီး ဝေလ မင်းသားအား ချီးကျူး ဂုဏ်ပြု ရတု ရေးပေးရန် ဦးမေအောက်က ပန်ကြားရာ 'မြန်မာ နိုင်ငံကို ကျွန်ပြုသည့် အင်္ဂလိပ် ဘုရင်မ၏ မြေးကို ချီးကျူးသော စာ မရေးလို' ဟု ပြောကာ ငြင်းပယ် ခဲ့သည်။

၁၉၂၃ 'မြန်မာ့ရီဗျူး' ဂျာနယ်တွင် ဘိုးဘိုးအောင် ကလောင် အမည်ဖြင့် ဆောင်းပါးများ ရေးခဲ့သည်။ ဗဟန်း နေရှင်နယ် ကောလိပ် ပျက်သောအခါ ဒဂုန် မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင် ခဲ့သည်။ ၁၉၂၇ မှာ 'ဗြိတိသျှ ဘာမား မဂ္ဂဇင်း' နောင် 'ဓူဝံ မဂ္ဂဇင်း' တွင် ကြီးမှူး အုပ်ချုပ်သူ အဖြစ် တာဝန်ယူ ခဲ့သည်။

၁၉၂၈ - ၂၉၊ တောပုန်းကြီး စံဖဲ ကြိုးမိန့် ကျသည့် အမှုတွင် အယူခံ ကိစ္စ ဦးဆောင်၍ ဆောင်ရွက် ပေးခဲ့သည်။ မြင်းခြံထောင်တွင် စံဖဲကို သွားရောက် တွေ့ဆုံ အားပေး ခဲ့သည်။ ၁၉၃ဝ ဆရာစံ ဦးဆောင်သည့် တောင်သူ လယ်သမား အရေးတော်ပုံကြီးတွင် သူရိယ သတင်းစာ၌ 'ဂဠုန်ပျံ ဒီပနီ ဋီကာ' ဆောင်းပါးများ ရေးသား အားပေး ခဲ့သည်။ ၁၉၃၃ မှာ 'နေရှင်နယ်' မဂ္ဂဇင်းတွင် ဝင်ရောက် ကူညီ ဆောင်ရွက် ပေးခဲ့သည်။

၁၉၃၄၊ နိုဝင်ဘာလ ၃ဝ ရက်၊ ၁၂၉၆ ခု တန်ဆာင်မုန်း လဆုတ် ၁ဝ ရက်၊ တက္ကသိုလ် အမျိုးသားနေ့ ကျင်းပသည့် အခမ်းအနားတွင် သဘာပတိ အဖြစ် ဆောင်ရွက် ခဲ့သည်။ 'ဝဍ္ဎကုဇိန သာသနနံ' အမည်ပါ သဘာပတိ မိန့်ခွန်းကို ပြောကြား ခဲ့သည်။

၁၉၃၄ ခုနှစ်၊ တို့ ဗမာ အစည်းအရုံး၏ ပထမ အကြိမ် သခင် ကွန်ဖရင့်ကြီးကို ရေနံချောင်းတွင် ကျင်းပသော အခါ အစည်းအရုံး၏ နာယက အဖြစ် တင်မြှောက်ခြင်းကို လက်ခံ ခဲ့ပြီး၊ ထိုမှစ၍ မစ္စတာ မောင်မှိုင်း အမည်မှ သခင် ကိုယ်တော်မှိုင်း အမည်သို့ ခေါ်တွင် စေရန် ကြေညာ ခဲ့သည်။

၁၉၃၅၊ ဒီဇင်ဘာလထုတ် 'ဟံသာ မဂ္ဂဇင်း' တွင် ပါသော ဆောင်းပါးများကို သခင် ကိုယ်တော်မှိုင်း၏ ဆရာလွန်း ဟူ၍ လည်းကောင်း၊ ဆရာလွန်း၏ သခင် ကိုယ်တော်မှိုင်း ဟူ၍ လည်းကောင်း လက်မှတ် ရေးထိုး ခဲ့သည်။

၁၉၃၆၊ ဇွန်လ (၁၂၉၈ နယုန် - ဝါဆို) မြင်းခြံ၊ ကိုးဆောင် ကျောင်းတိုက်ကြီး အတွင်း၌ ကျင်းပသော တို့ ဗမာ အစည်းအရုံး၏ ဒုတိယ အကြိမ် ညီလာခံသို့ တက်ရောက် ခဲ့သည်။

၁၉၃၈၊ ဧပြီလ ၂၂ ရက်တွင် ပုသိမ်တွင် တရား ဟောရာ၌ 'လွတ်လပ်ရေးကို လက်ဝါးဖြင့် တောင်းနေရုံနှင့် မရနိုင်၊ သူပုန် ထရမည်' ဟု ဟောပြော ခဲ့သည်။

၁၉၃၉၊ ဇန်နဝါရီလ ၁၄ ရက်၌ ကျင်းပသော လူထု အစည်းအဝေးကြီးတွင် အရှင်းရှင် စနစ်ကို ရူံ့ချ ခဲ့သည်။ ဧပြီ ၆ - ၉ ရက်တွင် သခင် သိန်းမောင် အဖွဲ့မှ ဦးစီး ကျင်းပသည့် တို့ဗမာ အစည်းအရုံး၏ စတုတ္ထ အကြိမ် ညီလာခံ ကျင်းပရာ မော်လမြိုင်သို့ တက်ရောက် ခဲ့သည်။ ဇွန်လ ၂၂ ရက်၊ ပုသိမ်တွင် ကျင်းပသော အစည်းအဝေး တစ်ခုတွင် 'ဗြိတိသျှ အစိုးရ ဒဏ်ချက်ကြောင့် မြန်မာတို့ ဆင်းရဲနွမ်းပါး ငတ်မွတ် ခေါင်းပါး ဖြစ်ရသည်' ဟု တရား ဟောခဲ့သည်။ ဇွန်လ ၂၇ ရက်၊ ငါးသိုင်းချောင်းသို့ အသွား ပုသိမ် ဘူတာ၌ ဆရာကြီးအား ဆိုက်ကား သမား မောင်သန်းစိန် ဆိုသူက တုတ်ဖြင့် ရိုက်ခဲ့သည်။ ဇွန်လ ၂၈ ရက် ပုသိမ် ခရိုင် ရာဇဝတ် တရားသူကြီးက ဆရာကြီးအား နှစ်လ တရား ဟောခြင်း မပြုရန် တားမြစ် ခဲ့သည်။ ဒီဇင်ဘာလ ၄ ရက်၊ ကြည့်မြင်တိုင်၌ ကျင်းပသော လူထု အစည်းအဝေးကြီးတွင် 'ဆိုရှယ်လစ် ဝါဒသည် ဗုဒ္ဓ တရားတော်နှင့် ညီညွတ်သည်' ဟု ဟောပြော ခဲ့သည်။

၁၉၄ဝ၊ ဇန်နဝါရီ ၁၃ - ၁၄ တွင် ကျင်းပသော မြန်မာ နိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား အစည်းအရုံး ဒုတိယ နှစ်လည် ညီလာခံတွင် 'ဗြိတိသျှ နယ်ချဲ့ စနစ်ကို တွန်းလှန်၍ ဆိုရှယ်လစ် စနစ်' တည်ဆောက်ရန် တိုက်တွန်း ခဲ့သည်။

၁၉၄၁၊ ဇန်နဝါရီ ၁ ရက်နေ့မှာ နိုင်ငံရေး လှုပ်ရှားမှု၊ နယ်ချဲ့ ဆန့်ကျင်ရေး လုပ်ဆောင်မှု ကျယ်ပြန့် လာသောကြောင့် ဗြိတိသျှ အစိုးရ၏ ရန်သူတော် နံပါတ် (၁) အဖြစ် ကြေညာခြင်း ခံခဲ့ ရသည်။ မန္တလေးနှင့် ပဲခူး ညီလာခံသို့ တက်ရောက် ခဲ့သည်။

၁၉၄၁ - ၄၂၊ ခုနှစ်တွင် ဗြိတိသျှ အစိုးရကို တော်လှန်သည့် မြေအောက် တော်လှန်ရေး လုပ်ခဲ့သည်။ ၁၉၄၃၊ ဂျပန်ခေတ်တွင် ရွှေတောင်ကြား လမ်း၌ တပည့်များနှင့် အတူနေပြီး၊ ဂိုဏ်းပေါင်းစုံ သံဃာတော်များ ညီညွတ်ရေး အတွက် သာသနာ့ အစည်းအရုံးကြီး ဖွဲ့စည်းပြီး နှစ်နှစ်ကြာမျှ ကြိုးပမ်း ဆောင်ရွက် ခဲ့သည်။

၁၉၄၄ - ၄၅၊ ခုနှစ်တွင် ဂျပန် ဆန့်ကျင်ရေး သမား အဖြစ် ဂျပန်တို့ လိုက်လံ ဖမ်းဆီး သဖြင့် ထိန်ကုန်းရွာသို့ တိမ်းရှောင် ခဲ့ရသည်။ ဒုတိယ ကမ္ဘာစစ် ကြီးပြီးသော အခါ ရန်ကုန်မြို့သို့ ပြန်လာပြီး၊ တို့ ဗမာ အစည်းအရုံး ဌာနချုပ် ပြန်လည် ဖွင့်လှစ်သည့် အခါ ဥက္ကဌ အဖြစ် တင်မြှောက်ခြင်း ခံရသည်။

၁၉၄၈ ခု၊ စက်တင်ဘာလ ၁၉ ရက်၊ ရွှေတိဂုံ စေတီတော် တောင်ဘက်စောင်းတန်း၌ ပြုလုပ်သော (၁၉) ကြိမ်မြောက် ဦးဝိစာရနေ့တွင် နိုင်ငံတော် အေးချမ်း သာယာရေး အဖွဲ့ကို ဖွဲ့စည်းပြီး၊ ပြည်တွင်း ငြိမ်းချမ်းရေးကို စတင် ဆောင်ရွက် ခဲ့သည်။

၁၉၅ဝ ဇန်နဝါရီ၊ လွတ်လပ်ရေးနေ့ နှစ်ပတ်လည်တွင် 'အလင်္ကာ ကျော်စွာဘွဲ့' ကို အစိုးရမှ ချီးမြှင့် ခဲ့သည်။

၁၉၅၂ ခုနှစ်တွင် ကမႝာ့ ငြိမ်းချမ်းရေးကို စတင် ဆောင်ရွက်သည်။ ပီကင်း၌ ကျင်းပသော အာရှနှင့် ပစိဖိတ် ဒေသ နိုင်ငံများ၏ ငြိမ်းချမ်းရေး ကွန်ဖရင့်သို့ တက်ရောက်သည်။ မေလ ၁ဝ - ၁၄ ရက်နေ့ထိ ဂျူဗလီဟောတွင် ကျင်းပသော ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (ဗမာနိုင်ငံ) က ဆရာကြီးအား ဥက္ကဋ္ဌ အဖြစ် တင်မြှောက် ခဲ့သည်။

၁၉၅၃ တွင် တရုတ်ပြည် မွန်ဂိုလီးယား၊ ဟန်ဂေရီ၊ ဆိုဗီယက် ယူနီယံသို့ ခရီး လှည့်သည်။

၁၉၅၄၊ ဒီဇင်ဘာ ၂ဝ ရက် မော်စကိုတွင် ကျင်းပသည့် ကမ္ဘာ့ စတာလင်ဆု ရွေးချယ် ပေးအပ်ရေး အဖွဲ့ကြီးက ဆရာကြီးအား ၁၉၄၅ ခုနှစ် အတွက် 'ငြိမ်းချမ်းရေး စတာလင်ဆု' အပ်နှင်းရန် ဆုံးဖြတ် ခဲ့သည်။ ၁၉၅၅ မတ်လ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့ ညနေ ၅ နာရီခွဲ အချိန်တွင် မြို့တော် ခန်းမ ရှေ့၌ ငြိမ်းချမ်းရေး စတာလင်ဆု ပေးအပ်ပွဲ ကျင်းပပြီး၊ အပြည်ပြည် ဆိုင်ရာ စတာလင် ငြိမ်းချမ်းရေး ဆုပေးရေး ကော်မတီ ဥက္ကဌ မစ္စတာ နီကိုလေ တီခိုနော့ (ဗ်) က ဆရာကြီးအား ငြိမ်းချမ်းရေး ဆုလက်မှတ်နှင့် ဆုရွှေတံဆိပ် အပ်နှင်း ခဲ့သည်။ ငြိမ်းချမ်းရေး ဆုတံဆိပ်နှင့် အတူ ငွေသား ရူဘဲလ်ငွေ တသိန်း (အဲဒီအချိန်က ပေါက်ဈေး အရ မြန်မာငွေ တသိန်း နှစ်သောင်း ငါးထောင်ခန့်) ရရှိသည်။ မတ်လ ၂၄ ရက်နေ့မှာ နိုင်ငံတော် သမ္မတကြီးက တီခိုနော့ (ဗ်)နှင့် ဆရာကြီး တို့ကို ဂုဏ်ပြု ဧည့်ခံပွဲ တရပ် ကျင်းပ ပေးခဲ့သည်။

၁၉၅၅ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန် ထောင်ကြီး အတွင်း ကျင်းပသည့် စာဆိုတော်နေ့ အခမ်းအနားသို့ တက်ရောက် အကန်တော့ ခံသည်။ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် နိုင်ငံတော် သမ္မတ အိမ်တော်တွင် ကျင်းပသည့် ထမင်းစားပွဲတွင် ဗမာနိုင်ငံ ငြိမ်းချမ်းရေး ကွန်ဂရက် ဥက္ကဌ အနေဖြင့် ဆိုဗီယက် ဝန်ကြီးချုပ် ဘူဂနင်နှင့် ကွန်မြူနစ် ပါတီ ပထမ အတွင်းရေးမှူး ကရုရှက် တို့ကို ငြိမ်းချမ်းရေး လက်ဆောင်များ ပေးအပ် ခဲ့သည်။

၁၉၅၆ ခုနှစ်တွင် မြန်မာနိုင်ငံ အရပ်ရပ်သို့ လှည့်လည်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး များကို ဟောပြော ခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ စ၍ ၃ ရက်တိုင် ကျင်းပသည့် မိုးညှင်းမြို့တွင် ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (ဗမာနိုင်ငံ) ၏ ကချင်ပြည်နယ် ညီလာခံ တက်ရောက် ခဲ့သည်။ မတ် ၃ဝ ရက် အိမ်တော်ရာ (၁၄) စခန်း စရပ်ကြီး၌ မန္ဈလေး လေးပြင်လေးရပ် ဆရာတော် ၁၄၃ ပါးကို ပြည်တွင်း ငြိမ်းချမ်းရေး ပန်ကြားလွှာ တစောင် တင်ဆက် လျှောက်ထားပြီး သြဝါဒ ခံယူ ခဲ့သည်။

၁၉၅၇ တွင် သီဟိုဠ်နှင့် အိန္ဒိယသို့ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဖရင့် အတွက် သွားရောက် ခဲ့သည်။

၁၉၆ဝ သြဂုတ်လ ၁ဝ ရက်တွင် အရှေ့ဂျာမနီ ဟမ်းဘတ် တက္ကသိုလ်က ဆရာကြီးအား ဂုဏ်ထူးဆောင် ပညာ ပါရဂူ (ဒေါက်တာဘွဲ့) အပ်နှင်း ဂုဏ်ပြု ခဲ့သည်။ ဂျာမနီသို့ ဆေးကု သွားခဲ့သည်။

၁၉၆၂ ခုနှစ်မှ စ၍ ပြည်ထောင်စု မြန်မာနိုင်ငံ စာရေးဆရာ သမဂ္ဂ၏ နာယကကြီး အဖြစ် ဆောင်ရွက် ခဲ့သည်။

၁၉၆၃ သြဂုတ်လ ၆ ရက်၊ ညနေ ၄ နာရီမှာ မြို့တော် ခန်းမတွင် ကျင်းခသည့် ဟီရိုရှီးမားနေ့ အခမ်းအနားသို့ ငြိမ်းချမ်းရေး ကွန်ဂရက် ဥက္ကဌ အနေဖြင့် သဝဏ်လွှာ ပေးပို့ ခဲ့သည်။

ပြည်သူ့ သမိုင်း အလျဉ်တွင် ပါဝင် ခဲ့သော နယ်ချဲ့ ဆန့်ကျင်ရေး ခေါင်းဆောင်ကြီး၊ စာပေ ဖခင်ကြီး သခင် ကိုယ်တော်မှိုင်းသည် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ကြိုးပမ်း ဆောင်ရွက် ရင်းဖြင့် ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်၊ ကြာသပတေးနေ့ နံနက် ၁ နာရီခွဲတွင် လူကြီး ရောဂါဖြင့် ကွယ်လွန် ခဲ့သည်။ ဆရာကြီး၏ ဈာပနအတွက် အာဏာသိမ်း နေဝင်း စစ်အုပ်စုက ပထမ ကျပ်ငွေ တစ်သောင်း၊ နောက်ထပ် ကျပ်ငွေ ၅ ထောင်၊ စုစုပေါင်း ကျပ်ငွေ တသောင်းခွဲ ကူညီခဲ့သည်။ သတင်းစာ တိုက်များက နေ၍ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ဈာပန ရံပုံငွေ ဖွင့်ခဲ့သည်။ ဇူလိုင်လ ၂၉ ရက်၊ ညနေ ၅ နာရီတွင် ဆရာကြီး၏ ရုပ်ကလာပ်ကို စမ်းချောင်း ချမ်းသာလမ်း နေအိမ်မှ နေ၍ စမ်းချောင်း ပဒုမ္မာ ကွင်းရှိ အာဏာသိမ်း စစ်အုပ်စု ဆောက်ပေးသည့် မဏ္ဍပ်သို့ ရွှေ့ပြောင်း ခဲ့သည်။ သြဂုတ်လ ၈ ရက်၊ နေ့လည် ၂ နာရီ အချိန်မှာ ဆရာကြီး ရုပ်ကလာပ်ကို စမ်းချောင်း မဏ္ဍပ်မှ ရွှေတိဂုံ ဘုရားလမ်းရှိ ကန်တော်မင် ပန်းခြံသို့ ပို့ဆောင် ဂူသွင်း ခဲ့သည်။

ဆရာကြီး ကွယ်လွန်ချိန်တွင် သားသမီး နှစ်ယောက်၊ မြေး ၁၅ ယောက်၊ မြစ် ၆၁ ယောက် ကျန်ရစ်ခဲ့သည်။

သခင်ကိုယ်တော်မှိုင်းအလွန်

၁၉၇၆ ခုနှစ်တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း အသက် ၁ဝဝ ပြည့် အမှတ်တရလုပ်ရန် ကြိုးစားသူ ရန်ကုန်တက္ကသိုလ်ကျောင်းသား အများအပြား ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရပြီး ၁၉၉၆ ခုနှစ်တုန်းတွင် သခင်ကိုယ်တော်မှိုင်း အသက် ၁၂ဝ ပြည့် အမှတ်တရ ထုတ်ဝေသော စာအုပ်မှာလည်း ဆရာကြီး၏ပုံကို စာအုပ်မျက်နှာဖုံးများ ဖော်ပြခွင့် မရခဲ့ချေ။ ထိုအပြင် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်ရှိ ဆရာကြီး၏ ဂူဗိမာန်ကို ဝင်ခွင့်မပေးတော့သည့်အတွက် အများသူငါ သွားရောက်ဂါရဝပြုခွင့်မရသည်မှာ နှစ်ပေါင်း ၂ဝ ကျော်ပြီဖြစ်သည်။ စာပေလက်ရာများတွင် ‘တို့ဗမာ ဝတ်ရွတ်စဉ်’ ဘာသာရေးစာအုပ်မှလွဲ၍ အခြားစာအုပ်များ ပြန်လည်ထုတ်ဝေနိုင်ခြင်း မရှိချေ။


ကျောင်းသားများထံသို့--
ရေးသူ-သခင်ကိုယ်တော်မှိုင်း

ဆရာဟာ အသက် ၁၃ နှစ်သားလောက်ကဘဲ ၀ံသာနုစိတ်ဓာတ် ၀င်စားလာခဲ့တယ်။ မန္တလေးမြို့-မြတောင်တိုက်တွင်၊ စာသင်စဉ် ၁၀ နှစ်သားလောက်က သီပေါဘုရင် အင်္ဂလိပ် ဘမ်းသွားတာကို မြင်ခဲ့ရသဖြင့်၊ အလွန်အကြူး ၀မ်းနည်းခဲ့တယ်။ ဗမာဘုရင်ကို ဘမ်းသွားပုံ ဟာ ကြက်ဘမ်း၊ ဘမ်းသကဲ့သို့ ဖြစ်သဖြင့်၊ မကျေမနပ် ဖြစ်ခဲ့တယ်။

ခလေးပင် ဖြစ်သော်လည်း တိရစ္ဆာန်လောက်မှ မလွတ်လပ်ပါကလားလို့- စဥ်းစားမိခဲ့တယ်။ ဒုလ္လဘတရားဖြစ်သော အလွန်တရာမှ ရခဲတဲ့ လူ့မနုဿဘ၀ကို ရနေသော်လည်း၊ နွား-ကျီးလောက်တောင် နေရာမကျဘူး။

တိရစ္ဆာန်ဘုံကိုကြည့်။ စာကလေးဟာ၊ လက်မလောက်ပဲ ငယ်သော်လဲ-လင်းဋဟာ-စာက လေးပေါ်တွင်၊ ဘုရင်မလုပ်နိုင်။

ခြေလေးချောင်း သတ္တ၀ါများကို ကြည့်ဦး။ နွားတို့ မည်သည် ထားရာနေတယ်။ စိတ် သဘော နူးညံ့အောက်ကျတယ်၊ ခြေလေးချောင်း ရှိတဲ့ နွားဟာ-သတ္တိမရှိပင် ဖြစ်လင့်ကစား ပါးစပ်ပြဲသောကျားသည်၊ နွားအုပ်ကြီးထဲကို မ၀င်ရဲဘူး။ဒီတရားတွေဟာ၊ သဘာဝနိယာမ တရားအတိုင်းဘဲ။

ငရဲတို့ တိရစ္ဆာန်တို့-ကာမဘုံတို့ သုဂတိလားတယ်တို့ ဆိုတာတွေဟာ၊ ကံအားလျော်စွာ နေကြဘို့ ထိုင်ကြဘို့ဘဲ။ သဘာဝအတိုင်း ဖြစ်ကြတာဘဲ။ ငရဲသားဟာ ငရဲမှာဘဲ နေနိုင်တယ်။ ဗြဟ္မာ၂၀ကို မတက်နိုင်ဘူး။

အီတလီတို့-အင်္ဂလိပ်တို့ လိုက်ပီး ဓမြတိုက်နေကြတယ် ဆိုတာတွေဟာ၊ ရှေးတုံးက ဗမာ တွေ လုပ်ခဲ့သလိုဘဲ။

အခုအခါမှာ၊ ကျုပ်တို့တတွေဟာ၊ အင်္ဂလိပ်ချဲ့တဲ့ စနစ်ထဲ ရောက်နေကြတယ်။ ဘာနဲ့ တူသလဲဆိုတော့၊ လယ်သမား လက်အောက် ရောက်တဲ့ နွားနဲ့ တူနေကြတယ်။

အခုတော့-တို့တတွေ ကျွန်ဖြစ်နေတော့ အုပ်ချုပ်ရေး တောင်းကြတယ်။ လွတ်လပ်ရေး လိုချင်တယ် ပြောကြတယ်။

ဒါပေမဲ့၊ ရှေးတုံးက ကျုပ်တို့တတွေလဲ နိုင်ငံချဲ့ခဲ့တာပဲ။ အာသံတို့၊ မဏိပူရတို့၊ အက်ဂဘတ် တို့၊ ဆေးဂုတို့ဆိုတာတွေဟာ၊ကျုပ်တို့ အင်ပိုင်ယာ အပါအ၀င်တွေဘဲ။

အဲတာဘဲ ကြည့်တော့။ မှန်ကင်းတလှဲ့ ထင်းတလှဲ့တွေဘဲ။ ၀မ်းနည်းဘွယ် ဘာမှ မရှိဘူး။

အင်္ဂလိပ်တွေလဲ ကျွန်ဘ၀က တက်လာတာဘဲ။ ရှေးတုံးက၊ ဒင်းတို့တတွေဟာ၊ ရောမ လူမျိုးတွေအောက် ပြားပြားဝပ်နေခဲ့ရ တာဘဲ။

ရောမတိုင်းပြည်ကို၊ လူရိုင်းတွေ ၀င်တော့မှ၊ အင်္ဂလိပ်လူမျိုးတွေကို၊ ရောမလူမျိုးတွေက "မင်းတို့ဟာ၊ မင်းတို့လုပ်ကြတော့၊ ငါတို့ တော့မတတ်နိုင်ဘူး" ဆိုပြီး၊ ပစ်ပြေးကြတာဘဲ။ အဲဒီတော့မှ အင်္ဂလိပ်တွေ လွတ်လပ်ရေးကို၊ အချောင်ရကြတာဘဲ။ သတ္တိကြောင့် မဟုတ်ဘူး။

လူရယ်လို့ ဖြစ်လာရင် လွတ်လပ်ခြင်း မရတာဟာ၊ ဒုက္ခအကြီးဆုံးဘဲ။

လောကီဘက်လုပ်ရင်၊ လောကုတ္တရာနဲ့ ဆန့်ကျင်ဘက်ပါကလားဆိုတာ ရိပ်မိတယ်။

ဦးပုညရေးတဲ့ စာတခုရှိတယ်။ ၀ိဇယဇာတ်ထဲမှာလား သေသေချာချာတော့ မမှတ်မိဘူး။

အဲဒီအထဲမှာ- ၀ိဇယမင်းသားကို ပင်လယ်မျှောတဲ့အခမ်းမှာ ထင်တယ်။ "ဘုရားအကြိုက်၊ တရားလိုက်လျင်လဲ လူ၌ အရေးညံ့ တတ်သည်" လို့ ဆိုတယ်။

လောကုတ္တရာတရား လိုက်အား ကြီးတော့လဲ လောကီမှာ ဓမ္မနောက်ပိတ်ခွေး ဖြစ်တတ် တယ်။ လောကုတ္တရားက ဘယ်လိုဆို သလဲ ဆိုတော့ သည်းခံရင် မြတ်တယ်တဲ့။ ခေါင်းခြေထောက်နဲ့ ကန်ရင်လဲ ခံရမယ်တဲ့။ ဒါမှ နိဗ္ဗာန်ရမယ်တဲ့။

ခေတ်သမယ အားလျော်စွာဆိုရင်၊ ကျုပ်တို့တတွေဟာ လောင်းရိပ်မိနေကြတယ်။ တခြားမကြည့်နဲ့ တက္ကသိုလ်ဟာ တကဲ့ပညာ တွေ သင်ကြားပေးဘို့ ဆိုပေတယ်လို့၊ တက္ကသိုလ် က ပညာတတ်တွေဟာ၊ လူရာမ၀င်နိုင်ပါဘူး။ ခိုင်းစားဘို့ သင်ပေးတာဘဲ။ အင်္ဂလိပ်က ခိုင်းစားဘို့ဘဲ။

အလွန်ဆုံးဖြစ်၊ ငါးထောင်စားဘဲ။

ငါးထောင်စားခေါင်းဆောင် ဘာကောင်တွေက၊ အင်မတန် ကြီးကျယ်ကြတယ်။ ဘာနဲ့တူ သလဲ ဆိုတော့ လယ်သမားတွေနဲ့ အင်မ တန်တူတယ်။လယ်ရှင်တွေက-လယ်သမားကို "မင်းငါ့လယ်ထွန်-စပါး ၂၀ ပေးမယ်" ဆိုတာလိုဘဲ။ ဒီကောင်တွေ-ခိုင်းတာ လုပ် နေကြရတာဘဲ။ခွေးမသားခေါင်းဆောင်တွေ ယောင်တောင်-ပေါင်တောင်နဲ့။ အားပြိုင်ကြ-ဆဲကြတယ်။ ကျုပ်တို့ နားလယ်တာ တော့ စားကျက်လုနေတာ တွေ့ရတာဘဲ။

ပြောတော့ ဥပဒေပြုအမတ်တဲ့၊ ၅၀၀၀ိ စား အကောင်တွေ ဘာမှ မလုပ်နိုင်ဘူး။

သူတို့တတွေ- အရက်တွေမူးပြီး ဆဲတာတွေတော့ ပုလိပ်ကမဖမ်းဘူး။ တချို့ အကောင်တွေ လဲ-ညီလာခံသဘင်ဆိုတဲ့ ဥပဒေပြု လွှတ်တော်အစည်းအဝေး အပျော် လာကြတာဘဲ။

တချို့ကောင်တွေ- ပုလင်းပိုက်ပြီး ငိုက်နေကြတာဘဲ။ "၀ုံးဝုံး" ဆိုပြီး လက်ခုတ်တီးမှ နိုးကြတာဘဲ။

ဟိုတုံးက အခု ငါးပွင့်ဆိုင်ခေါင်းဆောင်ဆိုတဲ့၊ ဘဖေတို့၊ အခုသစ်တောရေးဝန်ကြီးချုပ် ဖြစ်နေတဲ့-မောင်ပုတို့၊ ထွန်းရှိန် တို့ပေါ့။ အင်္ဂလန်ပြည်သွားပြီး ဟုမ္မရူးတောင်းကြတယ်။

ကျုပ်ကတော့- ဒီဟာမျိုးတွေဟာ တောင်းတိုင်းပေးတာမျိုး မဟုတ်ဘူးလို့ စဉ်းစားမိတယ်။ ကျုပ်တို့လဲ ကြည့်ပါလား-အာသံတို့ မဏိပူရတို့ ဆိုတဲ့ နယ်တွေကို သာသာကြည်ကြည် ပြန်ပေးခဲ့တာမှ မဟုတ်ဘဲ။

အင်္ဂလန်ပြည်ဆိုတာလဲ- ဘာမှ ရှိတာမဟုတ်ဘူး။ ဆားတို့ မီးသွေးတို့လောက်သာ ရှိတာ။ ခွေးမသားတွေ အူခြောက်နေတာ။ သူတို့တတွေ-မိုင်ပေါင်း ခုနှစ်ထောင်ကျော်ကလာတာ ငတ်လို့ပေါ့။

ဟိုတုံးက-ယိုဒယားတို့ ဘာတို့ဆိုတာ သွားတိုက်ခဲ့ရတာဘဲ။ အခုလဲ အင်္ဂလိပ်က မတားရင်၊ ယိုးဒယားလောက်တော့ တို့ခြေ အောက် ရောက်သေးရဲ့ ရသေးရဲ့ ထင်တယ်။

အဲဒီ တိုက်စဉ်တုံးကတော့-အခုလိုမဟုတ်ဘူး။ ရှင်ဘုရင်ကို မိပီဆိုရင် " နန်းကိုစိုးချင်သေး လား။ စိုးချင်ရင် သစ္စာပြု၊ သစ္စာရေသောက်၊ သမီးကညာဆက်၊ ရွှေပန်း-ငွေပန်းဆက်၊ အဆောင်တွေ-ဘာတွေဖြုတ်ချ။ တို့ဗမာမင်းက-ထီး ၈ စင်း ဆောင်း တယ်၊ မင်းတို့ လေးစင်းသာ ဆောင်း" ဒါလောက်လုပ်တာဘဲ။အင်းဝကို ယိုးဒယားက ဆက်သရတယ်ဆိုတာလဲ ဆင် ၃-၄ ကောင် လောက်ပဲ။

ရွှေဆိုလဲ ၁ ပိဿာ ၂ ပိဿာလောက် ဆက်ရတာဘဲ။

သ္မီးကညာ ဆက်တယ်ဆိုတာကတော့ ကျုပ်တို့ ဗမာဘုရင်တွေ ဂွကျတာဘဲ။ မိန်းမတွေ သိတ်များတာဘဲ။ သူ့ခေတ်နဲ့သူမို့ ယူရတာဘဲ။

စစ်တိုက်ရတာ သိတ်မလွယ်ဘူး။ ပင်လယ်ခရီးက လှေနဲ့ သွားရတယ်ဆိုရင်လဲ၊ လေထဲ လှိုင်းထဲ လှေပါသွားတာမျိုးဘဲ။

တခါတလေ-ယိုးဒယားက သူပုန်ထတယ်ဆိုရင် အင်းဝက ၃လ လောက်ကြာမှ ကြားရတာ ဘဲ။

အဲဒီတော့လဲ သူတို့ရဲ သ္မီးကညာဟာ ဗမာဘုရင်ရဲ့ မိဖုယားဖြစ်နေရင်၊ တော်ရုံတန်ရုံနဲ့ သူပုန်မထ၀ံ့ဘူးပေါ့။ သ္မီးမျက်နှာ ထောက် ထားနေရသေးတာကိုး။ အဆုံးကျတော့ သ္မီးကညာ ဆိုတာ ဒဇာခံပေါ့လေ။

ကျုပ်တို့ တောစွန် တောင်ကြားက အသက် ၂၀-၂၂ နှစ်လောက် ရန်ကုန်ရောက်လာတယ်။ ဂျီ-စီ-ဘီ-အေ အသင်းတွေကလဲ ပေါ်လာတော့ တအားတက်မိတယ်။

အသင်းအစည်းအဝေးတွေတော့ သွားမတက်ပါဘူး၊ စိတ်ကိုကလဲ တယ်ဟန်မယ် မထင်ပါဘူး။

ခေါင်းဆောင်မဲ့ အကောင်တွေ ကြည့်ရတာလဲ၊ တယ်အားရစရာ မကောင်းပါဘူး။ ယောက်ျားမပီသတဲ့ ကောင်တွေသာ များတာဘဲ။ မျက်နှာသနပ်ခါးတွေနဲ့။ ဗိုလ်ကတော်စိတ် ပေါက်နေတဲ့ ကောင်တွေဘဲ။ ဘာ-ညာဆိုတဲ့အကောင်တွေက သိတ်များနေတော့၊ ကျုပ်တို့လဲ ရှော့နေကြတာဘဲ။

နောက်ဆုံးရေးတဲ့ ခွေးဂဏ္ဌိဆိုတဲ့ ကျမ်းဟာ-အခုလက်ရှိ ခေါင်းဆောင်တွေဟာ-ဘုန်းကြီးကျောင်းက ခွေးတွေနဲ့ တူတဲ့အကြောင်း ဘဲ။

အဲဒီလိုနဲ့နေရင်း သခင်ကလေးတွေ ပေါ်လာတယ်။ အလကား တွေ့ကရာ ရှောက်ဆဲနေတဲ့ ကောင်ကလေးတွေဘဲလို့ အမှတ် ထား တယ်။ဒါနဲ့ ဗစိန်တို့၊ ဘလူတို့ ထောင်တဖုတ်ဖုတ်ကျနေတာ တွေ့ရတော့ အင်း အသင့်အတင့် တော့ ဟန်လာပြီ။ စိတ်ဓါတ်တွေ ပြောင်းနေတယ်ဆိုတာ စဉ်းစားမိတဲ့...

လွန်ခဲ့တဲ့ ခွေးမသား ခေါင်းဆောင်တွေ၊ လွတ်လပ်အောင် လုပ်တဲ့နည်းလမ်း မတွေ့လို့ဘဲ။ ဘာမဆို ကြိုးစားရင် ရမှာဘဲ။ ဘုရားဆုတောင် တောင်းရင်ရတာဘဲ။ ဇွဲကြီးကြီးနဲ့သာ လုပ်ဘို့ လိုတာဘဲ။

ကာလဒေသ ပယောဂကို ကြည့်ပြန်တော့၊ လူကောင်းသူကောင်းခေတ် ရောက်ပြီဆိုတာ သိတယ်။

ဒါကြောင့်မို့လို့လဲ သခင်နာမယ်ယူပြီး၊ ရေနံချောင်းကွန်ဖရင့် လိုက်ပီး ကူခဲ့တာဘဲ။

လူငယ်တွေနဲ့ ပေါင်းပြီး မသေခင်-တပွဲတလမ်း စမ်းချင်တာပါဘဲ။

နောက်က-လူကြီးတွေ လုပ်ကြတာက၊ ကိုယ့်ခေါင်းဆောင် မကောင်းမှန်းသိရက်နဲ့၊ တချို့က ကြည်ညိုနေကြတုံးဘဲ။ တည်မိတဲ့ ဘုရားတော့ ဠင်းတဘဲနားနားဆိုပီး၊ သဘောထားကြတယ် ထင်တယ်။

တခြားမကြည့်နဲ့လေ။ စားကျက်မရခင်-နိုင်ငံရေးလုပ်ကြတာဘဲ၊ အမ်အေ ဦးသိန်းမောင်တို့ များဆိုရင် အဲဒီ [ဆွဲချ] ဆိုတဲ့ ရာထူးရနေတဲ့ ဦးသိန်းမောင်ပေါ့။ ၁၀၀၀ိ-စား ကစတယ်ဆိုရင်ဘဲ ပုသိန်သားတွေ ရင်ဘတ်ကို ခြေကန်ထွက်တာဘဲ။ နိုင်ငံရေးဟာ ကုသိုလ်တပဲ-ငရဲတပိဿာ ဆိုပြီး၊ အခုတော့ ငရဲတပိဿာဘဲ လုပ်နေတာဘဲ။

ဝေဿန္တရာဇာတ်မှာ ကြည့်ပါလား။ တောထွက်တဲ့ ပါရမီ မထဲ့ခဲ့ဘူး။ ဘာကြောင့်လဲ။ သဒ္ဓါကြောင့် မဟုတ်ဘူး။ တိုင်းပြည်က ဝေဿန္တရာကို ဆင်ဖြူတော် လှူပစ်ရမလားဆိုပြီး အလိုမရှိတာနဲ့ ထွက်ရတာဘဲ။ ဟိုတုံးကလဲ ဒီမိုကရေစီခေတ်နဲ့ဘဲတူတယ်။ နိုင်ငံကို ဖြုန်းတီး အောင် လုပ်တဲ့ ရှင်ဘုရင်၊ အသုံးကြီးတဲ့ ရှင်ဘုရင်ဆိုပြီး နှင်ထုတ်ပြစ်တာဘဲ။

ကျောင်းသားတွေဟာ အမှန်အားဖြင့်၊ နိုင်ငံရေးနဲ့ မသက်ဆိုင်သော်လဲ၊ သူတို့ကို ကြည့်ပီး ကျုပ်က သိတ်အားရတာဘဲ။ ဘာပြုလို့လဲ။ သူတို့တတွေက တိုင်းပြည်ဘက်က ပါနေတာကိုး။ အစိုးရကဆိုလဲ သူတို့ကို လူဆိုးစာရင်းထဲ သွင်းထားတာဘဲ။

ကျုပ်တို့ နယ်လှဲ့တရားဟောရင်းနဲ့ ရှေးအဖိုးကြီးတယောက်နဲ့ တွေ့တယ်။ သူက 'ဘဲ့နယ် ယောဂီဆရာမှိုင်း ဆရာမှိုင်းနဲ့ ဆိုပီး၊ မိုးညှင်းယောဂီနဲ့လဲ မတူပါလားလို့ မေးတယ်'

ဘယ်တူမလဲ၊ ကျုပ်တို့က သခင်ဖြစ်ချင်တဲ့ ယောဂီဘဲ။ ကျုပ်တို့တတွေ နိဗ္ဗာန်ရောက် အောင် ကြိုးစားနေကြတာဘဲ။ မိုးညှင်းဆရာတော်ကြီးကို ပင့်ဖိတ်ပြီး တရားဟောတာလဲ နိဗ္ဗာန် လိုချင်လို့ဘဲ။ တပြည်လုံး နိဗ္ဗာန်ရောက်ချင်လို့ဘဲ။ တပြည်လုံး နိဗ္ဗာန်ရောက်ကြရင်လဲ ကောင်း သားဘဲ။ မိုးညှင်းဆရာတော်ကြီးကတော့၊ တပြည်လုံးက လူတွေ သည်းခံတတ်တဲ့ တရားရှိ အောင်၊ ဆင်းရဲတဲ့ဘ၀နဲ့ တင်းတိမ်နေနိုင်အောင်၊ ကြေနပ်နေအောင် ဟောတာနဲ့တူတယ်။ နိဗ္ဗာန်ကို ကျုပ်တို့ကတော့ မရောက်နိုင် သေးတာနဲ့ မသွားချင်သေးဘူးလို့ ပြန်ပြောခဲ့တယ်။

ကျောင်းသားတွေက ကျုပ်ကို မဖိတ်ပေမဲ့-လာချင်နေတာ-ကြာလှပြီ။ ကျောင်းသားတွေက အလံတောင်ပေါ်ကနေပီး ဖိတ်ရင် တောင် လာမှာဘဲ။

အမှန်မှာဆိုတော့ အလုပ်လုပ်တယ်ဆိုတာ သမ္ပတ္တိခေတ်၊ ၀ိပ္ပတ္တိခေတ် ကြည့်လုပ်ကြ ဆိုဘဲ။ ခွေးမသားတွေ မကောင်းလို့ ကျုပ်တို့တတွေ ယောင်ချာချာနေရတယ်။ အဲဒီ ရှေးခေါင်း ဆောင်တွေ၊ ဘိလပ်ပြန်တွေ ခွေးမသား တွေ အကြောင်းပြောတော့ ပုဂံ-ငသယောက်က အကောင်တွေ စဉ်းစားမိတယ်။ ဒီကောင်တွေက အလကားကောင်တွေ၊ လက်ကြောတင်းအောင် မလုပ်ချင်။

အမှန်ကတော့ မြို့မှာနေတာ လူညာတွေဘဲ။ ဘော်ကြော့နေချင်ကြတာဘဲ။ ဒါနဲ့ ခုနင်ကပြောတဲ့ ပုဂံငသယောက်က၊ လူပျင်းတွေ-ရွှေမြို့တော် အင်းဝတက်ပြီး၊ အလုပ်ရှာကြတာကိုး။ ထီးတော်မိုးလိုလို၊ အိပ်ဖန်စောင့်လိုလို။ အိပ်ဖန်တော်စောင့် ဆိုတာ ဒရ၀မ်ဘဲ။ ဒီကောင်တွေ ဘာလုပ်သလဲ သိလား။ လှေခါးရင်းကစောင့်-ခွေးလိုစင်းပြီး တငိုက်ငိုက်နဲ့ စောင့်ကြတာပေါ့။

ဒါနဲ့ တနေ့ကြတော့ ရွာပြန်ကြမှာကိုး။ သူတို့က လှေသမားတွေကို ပြောလိုက်တယ်။ [ငသယောက်။ တူရွင်းတိုင်သားတို့-ငါတို့ တန်ခူးလဆန်း ၆ရက်နေ့ ပြန်မယ်] လို့မှာလိုက်သတဲ့။

ရွာရောက်တော့ ရွာသားတွေက ဝေါနဲ့ ယဉ်နဲ့ ဆီးကြိုကြသတဲ့။

တောကလူတွေက ရှင်ဘုရင်အကြောင်း သိချင်လို့ မေးကြသတဲ့။ "တို့တော့ သူငယ်ချင်း-ရုပ်သေးထဲက ရှင်ဘုရင်သာမြင်ဘူး တယ်။ အရုပ်ထဲကလို ချွန်သလား" မေးတယ်။

"ဟာ သိပ်ချွန်တာဘဲလို့ ဖြေလိုက်သတဲ့"

"ရှင်ဘုရင့်အသက် တို့လက်ထဲမှာ" လို့ပြောသတဲ့။

ရှင်ဘုရင့်နား အိပ်ရတာ-ဂျပိုးသိတ်ကိုက်တာဘဲတဲ့ ပြောကြသေးတယ်။

ရှင်ဘုရင်ဆိုလို့ တခါမှ မြင်ဘူးတာ မဟုတ်ဘူး။ ခွေးမသားတွေ ဒီလီကိတ်တွေလဲ ဒီအတိုင်းဘဲ။ ဘိလပ်နန်းတော်ရင်းက ပြန်လာ ကြ တဲ့ အကောင်တွေဘဲ။

အခုကာလ ကျောင်းသားတွေရဲ ပါးစပ်ဟာ အင်မတန်စူးတယ်။ ဟိုတခါ သတင်းစာထဲ ဖတ်လိုက်ရတယ်။ ဗမာပြည်က ခေါင်း ဆောင် တွေဟာ ကိုယ့်ကိုယ်ကို သတ်သေသင့်တယ်လို့ စကားပြောပြိုင်ပွဲတခု ဆုံးဖြတ်လိုက်တယ်။

အဲဒီလို ဖြစ်ပီးလို့မှ မကြာခင် ထိပ်တင်ဝဟာ ကိုယ့်ကိုယ်ကို သတ်သေတယ် ကြားရတာဘဲ။ ထိပ်တင်ဝဟာ ငါးပွင့်ဆိုင်ရဲ့ ဘုရား ပေါ့။ တိုင်းပြည်က သာကီဝင် တောင့်တတော့ ထိပ်တင်ဝ ဘမ်းပြပြီး ဒီကောင်တွေ အလုပ်လုပ်ကြတာဘဲ။ ဘုရားလဲပီး ငြမ်းလဲ ကန်ချ ဆိုတာလို ထိပ်တင်ဝလဲ နိုင်ငံရေးစွန့်ပြီး လယ်သွားထွန်နေတာဘဲ။ မကြာခင် ကိုယ့်ဟာကို သေနပ်နဲ့ ပစ်သတ် သေတာဘဲ။ အဲဒါဟာ ဘမ်းပြ လမ်းပြဘဲ။

အဲဒီတော့ ကျောင်းသားတွေဟာ ဘယ်လောက် တံခိုးရှိတယ် ဆိုတာဘဲ ကြည့်တော့။ ယခု ကျောင်းသားတွေဟာလဲ စုရုံးမိကြပီ၊ တိုင်းပြည်ရဲ့ အကျိုးရှိမဲ့ အလုပ်တွေသာ လုပ်ကြပေတော့။ ကျုပ်တို့တော့ ဒီညီလာခံသဘင် အောင်ဘို့ ဆုတောင်းတာဘဲ။

[ဤမိန့်ခွန်းကို သခင်ကိုယ်တော်မှိုင်းကိုယ်တိုင် ပြန်လည်ဘတ်ရှု ပြင်ဆင်ပြီးမှ ပုံနှိပ်ပါသည်။]

[အောက်ပါတို့သည် ဗမာနိုင်ငံလုံးဆိုင်ကျောင်းသားများ၏ ပုသိန် ညီလာခံသဘင်ကို၊ ဖွင့် လှစ်စဉ်က သခင် ကိုယ်တော်မှိုင်း မိန့်ဆို ချက်များဖြစ်သည်။

[ နဂါးနီတိုက်ထုတ် 'ဗမာ့အရေး' စာအုပ်၊ ပထမတွဲ၊ က ကူးယူဖော်ပြပါတယ်။ မူရင်းရသာ မပျက်အောင် စာလုံးပေါင်း ကအစ မူရင်းအတိုင်း ကူးယူဖော်ပြပါတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၆ နှစ်မြောက် အမှတ်တရ လေးစားဦးညွတ်မိပါသည်။