ခင်ဗျားတို့ ကို စိန်ခေါ်တယ်။
(၁)။
ကျွန်မအပျိုမ လှပါသည်
ကျွန်မ.. တက္ကသိုလ်ကျောင်းသူ
ဖြူသည်.. နုသည်
အခုအခံမပါ.. ကျွန်မခန္ဒာကိုယ်
ရှိုက်ကြီးဖိုငယ်.. အသွယ်သွယ်။
ကျွန်မအသက်
သပြေခက်ကျော်.. ရေတွက်သော်
တစ်ကိုးရှစ်ရှစ်.. တော်လှန်ခေတ်မှာ
တစ်တစ်ရစ်ရစ်.. တစ်ဆယ့်ရှစ်။
ကျွန်မတို့ တက္ကသိုလ်
အို ဘာကိုထောက်.. ကြောက်ရမှာလဲ
တိုက်ပွဲ.. တိုက်ပွဲ
ရဲရဲတောက်ပ.. ရဲတောက်မဟာ
ကျွန်မ.. ကျွန်မ.. လက်နက်မချ
ကျောင်းသားသမဂ္ဂဖွဲ့ ကြ။
(၂)။
၁၉၈၈ မတ်လ
ဖက်ဆစ်အစိုးရ.. ထောင်ထဲညမှာ
ကျွန်မ..အပျိုမ.. ကျဆုံးရသည်
ကျွန်မ..ခုခံ မတွန်းလှန်နိုင်
မတန်အားယုတ်.. ကြိုးနှင့်တုတ်ပြီး
လှုပ်မရ.. ရုံးမရ
မရ.. မရ.. အို.. မရတော့
ကျွန်မ..ရေတိမ်နစ်ခဲ့ရပြီ။
ကျွန်မနှုတ်ခမ်း..ဖက်ဆစ်နမ်းကြ
ကျွန်မရင်အုံ..ဖက်ဆစ် ငုံကြ
ကျွန်မ …တွင်း.. ဖက်ဆစ် ….ကြ
ဖက်ဆစ်မုဒိန်း.. လုံထိန်း လုံထိန်း
နတ်စိမ်းပူးဝင်.. အရှင်လတ်လတ်
ခေတ်သေနတ်နဲ့  အငတ်မပြေ
ကျွန်မအပျိုရည်..ကိုသောက်
တစ်ယောက် နှစ်ယောက် သုံးလေးယောက်မက
ကျွန်မသေလောက်ပါပြီရှင်ရဲ့ ။
(၃)။
ဒါပေမယ့်လေ
ကျွန်မ မသေ.. မျက်ရည်မကျ
ကျွန်မရေတိမ်နစ် ..သားအိမ်ညစ်လည်း
ကျွန်မချစ်သည့် တော်လှန်ရေး
ကျွန်မ မြတ်နိုးသည့် ဒီမိုကရေစီ။
ဟယ်… ဖက်ဆစ်အစိုးရ
ငါ့သွေးသားကို ..နင်ဝါးမြိုသည်
နင့်ကို ငါ ဘယ်တော့မကျေ
ဟယ်… အစိုးရ
ငါ့အပျိုရည်.. နင်ဖျက်ချွေသည်
ရာဇ၀င် မကျေ.. မကျေ.. မကျေ။
ဟေ့… အစိုးရအမွေ
နောက်လိုက်ခွေးတပ်..လုံထိန်းတပ်တို့ 
သတ္တိရှိရင် လာစမ်းပါစေ…
သေနတ်တစ်ကမ်း.. သွေးခင်းလမ်းမှာ
ငြိမ်းချမ်းရေး အပျိုမ
မြန်မာပန်းပွင့်.. မုဒိန်းကျင့်ခံရ
နင် အစိုးရ. အပြုတ်ချမယ်
လုံးဝ.. ငါတို့ ဒူးမထောက်
လုံးဝ.. ငါတို့ ဒူးမထောက်။
(၁၉၈၈ခုနှစ် မတ်လအရေးအခင်းတွင် မဆလ လုံထိန်းတပ်တို့ ၏ ဖမ်းဆီးခြင်းကို ခံရပြီး၊ ထောင်တွင်းတွင် အဓမ္မမုဒိန်းကျင့်ခံခဲ့ရသော ရန်ုကုန်စက်မှုတက္ကသိုလ်ကျောင်းသူတစ်ဦး၏ ရင်တွင်းခံစားချက်။)
posted by NLD(LA)JB Youth News & Information Channel
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Wednesday, 4 August 2010
“မုန်တိုင်း ရှစ်ဆယ့်ရှစ်”

၁၉၈၈တိုက်ပွဲဝင်အခြေခံပညာကျောင်းသားတစ်ဦး
(မောင်ကျောင်းသားပြန်လည်ခံစားဖေါ်ပြပါသည်။)
*သမိုင်းတွင်မဲ့နေ့တနေ့……။
အဲဒီနေ့က
မုန်တိုင်းဆင်မဲ့ကောင်းကင်ပြင်တခုလိုပဲ
လူလှိုင်းလုံးတွေတလိမ့်လိမ့်
ဟစ်ကြွေးသံတွေတခြိမ့်ခြိမ့်
မြေမိုးသိမ့်ညံ နိုးပွက်လျှံခဲ့….
ရှစ်ရက်ရှစ်လရှစ်ဆယ့်ရှစ်ရက်
ခေတ်တခေတ်ကို ထုဆစ်ပေတော့မည်….။
*ကျောင်းအရိပ်ကခွာ
စာသင်ခန်းကိုကျောခိုင်း
ရရာအလံဒီဇိုင်းလေးတွေ တဖျတ်ဖျတ်နဲ့
တချို့ကအလံမပါ
တချို့ကဖိနပ်မပါ….
အသံတစာစာနဲ့
မင်္ဂလာပါဆရာလို့ အော်သံခေါ်သံအစား
နှလုံးသားထဲကအနက်ရှိုင်းဆုံးခံစားမှု
တရားမျှတမှုလူ့အခွင့်အရေး
သွေးအသက် ပေးဆက်တောင်းဆို
ရွှေမလိုငွေမလို
ဒီမိုကရေစီသာလိုချင်တယ်…..။
*ကိုးရက်ရှစ်လရှစ်ဆယ့်ရှစ် ရက်
အဲဒီမနက်မှာ
ရန်ကုန်မြို့ရဲ့မြို့တော်ခန်းမရှေ့
မည်းနက်ခြုံသိုင်း ယမ်းခိုးမှိုင်း၍
ငှက်ပျောပင်ရိုင်း ဓါးနဲ့ပိုင်းသလို
အပျိုင်းရိုင်းပက်လက်
ဒိုင်းဒိုင်းဒက်ဒက်နဲ့….
သြော်…..ရိုင်းစိုင်းရက်စက်ကြပါပေ့ …….။
*သားသတ်သမားတွေရဲ့  လှံစွပ်ဖျားအောက်
မြေခွေးတွေရဲ့ အစွယ်တဖွေးဖွေးအောက်မှာ
ကျဆုံးသွားရတဲ့ငါတို့ကလေးအပေါင်းရဲ့
လည်ချောင်းသွေးနဲ့ခြေဆေး
စစ်ဘီလူးတို့ရဲ့အောင်ပွဲ
အမှောင်တိုက်မှာမင်းမူနေ
သားပျောက်အမေ သမီးပျောက်အဖေတွေရဲ့
ဆူဝေနေတဲ့ရင်ထဲ
အမုန်းသွေးများစီးဆင်း
အံကြိတ်ရင်းပင့်သက်ရှိုက်
လက်သီးကျစ်ကျစ်ဆုတ်ခဲ့ကြ………..
အပြစ်မဲ့ပြည်သူကိုလက်နက်နဲ့အနိုင်ယူနေသမျှ
လှပတဲ့ဇတ်သိမ်း
ငြိမ်းချမ်းတဲ့အနာဂတ်
တည်ဆောက်လို့ရနိုင်မတဲ့လား…….။
*ဓါးမိုးအုပ်ချုပ်
ကြိုးနှောင်တုပ်တဲ့ဘ၀ထဲမလေ
အမှန်တရားကို သေနတ်ဖျားနဲ့ထောက်ပေမဲ့
မကြောက်ရွံ့တဲ့အသဲ
ရဲပတဲ့စိတ်ဓါတ်
မျှတမှုအတွက်တိုက်ပွဲဝင်
(သူတို့တတွေဟာ)
ပြည်သူတို့ရင်ခွင်မှာ ထာဝစဉ်လဲလျောင်းနေတဲ့
မဟာသူရဲကောင်းတွေပါ….။
*သူတို့သွေးနဲ့ရေးတဲ့သမိုင်း
မုန်တိုင်းရှစ်ဆယ့်ရှစ်
ရစ်ပတ်နှောင်ဖွဲ့
ချဉ်ခြင်းမပြေ……..
တို့ရင်ထဲမှာ ဝေဒနာ……။ ။
ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်မှ အကြမ်းဖက် အာဏာသိမ်းအပြီး အခြေခံပညာ ကျောင်းသားသမဂ္ဂများ ပေါ်ပေါက်ချိန် အကသ၀င် ကျောင်းသားတယောက် ကလေးတယောက် တတ်စွမ်းနိုင်သလောက်ဖြင့် ရေးဖွဲ့ခဲ့သော ကဗျာအား ပြန်လည်ခံစားဖေါ်ပြပါသည်။ နှစ်၂၀ကျော် အချိန်ကာလကြောင့် စကားလုံးအချို့ကျန်နိုင်ပါသည် ။ အနည်းငယ် ကွဲလွဲနိုင်ပါသည် ။
ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် တိုက်ပွဲဝင်ခဲ့သော ၊ ခေတ်အဆက်ဆက်တိုက်ပွဲဝင်ခဲ့သော ကျောင်းသားထု တစ်ရပ်လုံးနှင့် အခြေခံပညာ ကျောင်းသားများအား ဤကဗျာကိုပြန်လည်ဖေါ်ပြခြင်းဖြင့် ဂုဏ်ပြုဦးညွှတ်ပါသည် ။
စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ
မောင်ကျောင်းသား
26sann နှင့်ကိုကိုအား ကျေးဇူးတင်ပါသည်။

၁၉၈၈တိုက်ပွဲဝင်အခြေခံပညာကျောင်းသားတစ်ဦး
(မောင်ကျောင်းသားပြန်လည်ခံစားဖေါ်ပြပါသည်။)
*သမိုင်းတွင်မဲ့နေ့တနေ့……။
အဲဒီနေ့က
မုန်တိုင်းဆင်မဲ့ကောင်းကင်ပြင်တခုလိုပဲ
လူလှိုင်းလုံးတွေတလိမ့်လိမ့်
ဟစ်ကြွေးသံတွေတခြိမ့်ခြိမ့်
မြေမိုးသိမ့်ညံ နိုးပွက်လျှံခဲ့….
ရှစ်ရက်ရှစ်လရှစ်ဆယ့်ရှစ်ရက်
ခေတ်တခေတ်ကို ထုဆစ်ပေတော့မည်….။
*ကျောင်းအရိပ်ကခွာ
စာသင်ခန်းကိုကျောခိုင်း
ရရာအလံဒီဇိုင်းလေးတွေ တဖျတ်ဖျတ်နဲ့
တချို့ကအလံမပါ
တချို့ကဖိနပ်မပါ….
အသံတစာစာနဲ့
မင်္ဂလာပါဆရာလို့ အော်သံခေါ်သံအစား
နှလုံးသားထဲကအနက်ရှိုင်းဆုံးခံစားမှု
တရားမျှတမှုလူ့အခွင့်အရေး
သွေးအသက် ပေးဆက်တောင်းဆို
ရွှေမလိုငွေမလို
ဒီမိုကရေစီသာလိုချင်တယ်…..။
*ကိုးရက်ရှစ်လရှစ်ဆယ့်ရှစ် ရက်
အဲဒီမနက်မှာ
ရန်ကုန်မြို့ရဲ့မြို့တော်ခန်းမရှေ့
မည်းနက်ခြုံသိုင်း ယမ်းခိုးမှိုင်း၍
ငှက်ပျောပင်ရိုင်း ဓါးနဲ့ပိုင်းသလို
အပျိုင်းရိုင်းပက်လက်
ဒိုင်းဒိုင်းဒက်ဒက်နဲ့….
သြော်…..ရိုင်းစိုင်းရက်စက်ကြပါပေ့ …….။
*သားသတ်သမားတွေရဲ့  လှံစွပ်ဖျားအောက်
မြေခွေးတွေရဲ့ အစွယ်တဖွေးဖွေးအောက်မှာ
ကျဆုံးသွားရတဲ့ငါတို့ကလေးအပေါင်းရဲ့
လည်ချောင်းသွေးနဲ့ခြေဆေး
စစ်ဘီလူးတို့ရဲ့အောင်ပွဲ
အမှောင်တိုက်မှာမင်းမူနေ
သားပျောက်အမေ သမီးပျောက်အဖေတွေရဲ့
ဆူဝေနေတဲ့ရင်ထဲ
အမုန်းသွေးများစီးဆင်း
အံကြိတ်ရင်းပင့်သက်ရှိုက်
လက်သီးကျစ်ကျစ်ဆုတ်ခဲ့ကြ………..
အပြစ်မဲ့ပြည်သူကိုလက်နက်နဲ့အနိုင်ယူနေသမျှ
လှပတဲ့ဇတ်သိမ်း
ငြိမ်းချမ်းတဲ့အနာဂတ်
တည်ဆောက်လို့ရနိုင်မတဲ့လား…….။
*ဓါးမိုးအုပ်ချုပ်
ကြိုးနှောင်တုပ်တဲ့ဘ၀ထဲမလေ
အမှန်တရားကို သေနတ်ဖျားနဲ့ထောက်ပေမဲ့
မကြောက်ရွံ့တဲ့အသဲ
ရဲပတဲ့စိတ်ဓါတ်
မျှတမှုအတွက်တိုက်ပွဲဝင်
(သူတို့တတွေဟာ)
ပြည်သူတို့ရင်ခွင်မှာ ထာဝစဉ်လဲလျောင်းနေတဲ့
မဟာသူရဲကောင်းတွေပါ….။
*သူတို့သွေးနဲ့ရေးတဲ့သမိုင်း
မုန်တိုင်းရှစ်ဆယ့်ရှစ်
ရစ်ပတ်နှောင်ဖွဲ့
ချဉ်ခြင်းမပြေ……..
တို့ရင်ထဲမှာ ဝေဒနာ……။ ။
ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်မှ အကြမ်းဖက် အာဏာသိမ်းအပြီး အခြေခံပညာ ကျောင်းသားသမဂ္ဂများ ပေါ်ပေါက်ချိန် အကသ၀င် ကျောင်းသားတယောက် ကလေးတယောက် တတ်စွမ်းနိုင်သလောက်ဖြင့် ရေးဖွဲ့ခဲ့သော ကဗျာအား ပြန်လည်ခံစားဖေါ်ပြပါသည်။ နှစ်၂၀ကျော် အချိန်ကာလကြောင့် စကားလုံးအချို့ကျန်နိုင်ပါသည် ။ အနည်းငယ် ကွဲလွဲနိုင်ပါသည် ။
ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် တိုက်ပွဲဝင်ခဲ့သော ၊ ခေတ်အဆက်ဆက်တိုက်ပွဲဝင်ခဲ့သော ကျောင်းသားထု တစ်ရပ်လုံးနှင့် အခြေခံပညာ ကျောင်းသားများအား ဤကဗျာကိုပြန်လည်ဖေါ်ပြခြင်းဖြင့် ဂုဏ်ပြုဦးညွှတ်ပါသည် ။
စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ
မောင်ကျောင်းသား
26sann နှင့်ကိုကိုအား ကျေးဇူးတင်ပါသည်။
Labels:
ကဗျာ
Subscribe to:
Posts (Atom)