Wednesday 4 August 2010

၁၉၈၈ ခုနှစ် သြဂုတ်လ ရန်ကုန်မြိုတော်ခန်းမရှေ့ မှာ ပြုလုပ်ခဲ့တဲ့ သမိုင်းဝင် မှတ်တမ်းပါ။

တစ်ပါတီအာဏာရှင်စနစ်ကို ပြည်သူလူထုတစ်ရပ်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် နေရာအနှံ့  မြန်မာပြည်တစ်ဝှမ်း မြို့  အသီးသီး နယ်အရပ်ရပ်မှာ ဆန္ဒပြခဲ့ကြတဲ့ ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီးရဲ့  အစောဆုံး ရှားပါးမှတ်တမ်းတစ်ခုလို့  ပြောလို့ ရတဲ့ ဒီဗွီဒီယိုမှတ်တမ်းလေးမှာ ကျောင်းသားပြည်သူတွေ စည်းကမ်းသေ၀ပ်စွာနဲ့  ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြတာကို တွေ့ မြင်ရမှာ ဖြစ်ပါတယ်။



ကျောင်းသားအပေါင်းတို့ ရဲ့  တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်ကို လက်မှာစွဲစွဲမြဲမြဲကိုင်ပြီး အလေးပြုကြတာကို တွေ့ မြင်ရမှာ ဖြစ်သလို၊ တစ်ဘက်မှာလည်း တိုင်းပြည်ကို နှစ်ပေါင်းမြောက်မြားစွာ ဗိုလ်ကျအနိုင်ကျင့်အုပ်ချုပ်လာပြီး ကမ္ဘာ့အလည်မှာ အဆင်းရဲဆုံးနိုင်ငံအဖြစ်သို့  ဇောက်ထိုးကျအောင် ပြုလုပ်ခဲ့တဲ့ မဆလ တစ်ပါတီအာဏာရှင်ကြီး နေ၀င်းတို့ အသုံးပြုနေတဲ့ ပင်နီယံနဲ့ စပါးနှံ မဆလအလံကို ဇောက်ထိုးကိုင်ထားကြတာကိုလည်း တွေ့ မြင်ရမှာပါ။

အမိမြန်မာပြည်ဟာ ဘိုးဘွားအမွေအနှစ်အဖြစ် ပြည်သူလူထုတစ်ရပ်လုံးက ပိုင်ဆိုင်တာဖြစ်တဲ့အတွက် ကမ္ဘာမကြေ မြန်မာပြည် ဒို့ ဘိုးဘွားအမွေအနှစ်မို့  ဒို့ ချစ်မြတ်နိုးပေဆိုသည့် နိုင်ငံတော်သီချင်းအား သီဆိုကြတာဖြင့် မြန်မာပြည်ဟာ ပြည်သူတွေပိုင်တာပါ၊ တိုင်းပြည်ရဲ့  သယံဇာတတွေကို ကိုယ်ပိုင်လိုသဘောထားပြီး မောင်ပိုင်စီးကာ ကိုယ်ကျိုးရှာ ရောင်းစားနေကြတဲ့ အာဏာရူးတွေ ပိုင်ဆိုင်တဲ့ နိုင်ငံမဟုတ်ဖူးဆိုတာ သိရှိကြဖူး မြန်မာ့မြေ မြန်မာ့မြေ မြန်မာ့သယံဇာတတွေကို ပြည်သူတစ်ဦးချင်းစီတိုင်းက ကာကွယ်ပေးကြဖို့  အမျိုးသားရေးတာဝန်ဖြစ်နေပါပြီ။

ဒီလို အသက်အရွယ်နုနယ်လှပေမယ့် တိုင်းပြည်နဲ့  လူမျိုးကို ချစ်မြတ်နိုးတဲ့စိတ်၊ မတရားမှုကို ခေါင်းငုံ့ မခံတဲ့ စိတ်၊ အမှန်တရားအတွက် မတရားဖိနှပ်သူတွေကို ရဲရဲဝန့် ဝန့်  ဆန့် ကျင်တော်လှန်ရဲတဲ့စိတ်၊ ပြည်သူအတွက်ဆိုရင် အသက်ပါပေးပြီး စွန့် လွှတ်အနစ်နာခံရဲတဲ့ စိတ်တွေနဲ့  ရှေ့ တန်းက မားမားမတ်မတ်ရပ်ကာ မကြောက်တန်း မရွံ့ တန်း ဆောင်ရွက်ခဲ့ကြတဲ့ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းက ကျောင်းသားလူငယ်အပေါင်းအား အထူးလေးစားဂုဏ်ပြု ဦးညွတ်အလေးပြုအပ်ပါတယ်။


နစ်နေမန်း။