Monday 2 August 2010

အမှိုက်သိမ်းကားနှင့် သစ်လုံးတင်ယာဉ် တိုက်၊ လူ ၂ ဦး သေဆုံး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်အတွင်း အမှိုက်သိမ်းယာဉ် စက်ချို့ယွင်းမှုက လမ်းဖြတ်ကူးသူ တဦးနှင့် စည်ပင်ဝန်ထမ်း တဦးတို့ သေဆုံးမှု သြဂုတ် ၁ ရက်နေ့က ဖြစ်ပွားခဲ့သည်။

ကမ်းနားလမ်းပေါ် စံပြငါးဈေးနှင့် သီရိမင်္ဂလာဈေးကြား ရန်ကုန်ဘက်မှ မောင်းလာသော စည်ပင်ပိုင် အမှိုက်သိမ်းယာဉ် (၃ခ- ၆၄၈ဝ) က အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးလာသူ တဦးကို တိုက်မိကာ ထိုမှတဆင့် သစ်လုံးတင်ယာဉ် ၄ခ၃၉၅ဝ ကို ထပ်မံတိုက်မိခဲ့သည်။

လမ်းဖြတ်ကူးသူနှင့် အမှိုက်သိမ်းကား ယာဉ်မောင်းတို့ သေဆုံးခဲ့သည်။ သစ်လုံးတင်ယာဉ် ၄ခ- ၃၉၅ဝ တို့ တိုက်မိခြင်း ဖြစ်သည်။

အမှိုက်သိမ်းယာဉ်သည် တိုက်ရော့ပြုတ်သွားခဲ့ခြင်း ဖြစ်သည်ဟု ယာဉ်ထိန်းရဲတဦးက ပြောသည်။

အမှိုက်သိမ်းယာဉ်တွင် ပါလာသော သန့်ရှင်းရေးလုပ်သား ၄ ဦးမှာလည်း ပြင်းထန်ဒဏ်ရာရကာ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ထားရကြောင်း ရန်ကုန်စည်ပင်မှ အရာထမ်းတဦးက ပြောသည်။