Wednesday 28 July 2010

နအဖ စစ်ခေါင်းဆောင်တွေ ဗုဒ္ဓသာသနာကို ဖျက်ဆီးကြလေပြီ

ဇွန် ၁၂ ရက် ၂ဝ၁ဝ ခုနှစ်
Dictator Watch
ကျနော်တို့ Dictator Watch က မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အလွန် စိုးရိမ်ကြောင့်ကျဖွယ်ကောင်းတဲ့ သတင်း
တွေကို ရရှိထားပါတယ်။ ဒီသတင်းတွေ မှန်ကန်ကြောင်းကို (မြန်မာနိုင်ငံထဲ တရားဥပဒေ စိုးမိုးမှု မရှိသေးတဲ့
အချိန်မှာ) လွတ်လွတ်လပ်လပ် အတည်မပြုနိုင်သေးပေမယ့် ယုံကြည်လောက်တဲ့ သတင်းရပ်ကွက်တွေက ရရှိတဲ့
သတင်းတွေ ဖြစ်တယ် ဆိုတာကိုတော့ ပြောပါရစေ။
မြန်မာစစ်အစိုးရဟာ အနုမြူလက်နက် စီမံကိန်းကို လျှို့ဝှက်လုပ်ဆောင်နေတယ်လို့ Dictator Watch ကနေ
အရင်တုန်းက ဖော်ပြခဲ့ဖူးပါတယ်။ ဟိုတလောက မြန်မာစစ်တပ်ကနေ ထွက်ပြေးလာတဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်း
ကလည်း ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗီဘီ) ကတဆင့် အဲဒါဟာ မှန်ကန်တယ်လို့ ထုတ်ဖော်တင်ပြလိုက်ပါတယ်။
နအဖရဲ့ အနုမြူလက်နက် လျှို့ဝှက်စီမံကိန်းကို ကျနော်တို့ အထူးအာရုံစိုက်ရပါလိမ့်မယ်။
အနုမြူလက်နက်စီမံကိန်းဟာ သပိတ်ကျင်းကိုဗဟိုပြုပြီး တည်ဆောက်လုပ်ကိုင်နေတယ်လို့ ဗိုလ်မှူး စိုင်းသိန်းဝင်းက
အတည်ပြုလိုက်ပါတယ်။ ဒါက အရေးပါဆုံးဘဲ ဆိုတာ မှတ်ယူရပါမယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး ကျနော်တို့
Dictator Watch က ၂ဝဝ၆ ခုနှစ်မှာတကြိမ်၊ ၂ဝဝ၈ ခုနှစ်မှာတကြိမ် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ အခု ဗိုလ်မှူး
စိုင်းသိန်းဝင်းက ထုတ်ဖော်လိုက်တာကြောင့် အနုမြူလက်နက် လျှို့ဝှက် စီမံကိန်းကြီးအကြောင်း တတိယအကြိမ်
လူသိသွားပါပြီ။ ဒါပေမယ့် အခုလောလောဆယ် သပိတ်ကျင်းမှာ ဘယ်လို စီမံလုပ်ဆောင်နေသလဲ ဆိုတာတွေကို
တော့ သတင်း မရသေးပါဘူး။ အနုမြူစီမံကိန်းအတွက် တာဝန်ယူလုပ်ဆောင်နေတဲ့ စစ်တပ် အဖွဲ့အစည်း ကိုယ်တိုင်
ဆီက အခြား ဘာသတင်းမှ ထွက်မလာသေးပါဘူး။
အီရန်လိုဘဲ မြန်မာနိုင်ငံက နအဖဟာ သူ့ရဲ့အနုမြူလက်နက် စီမံကိန်းတခုလုံးကို ပြည်တွင်းမှာသာ ကြိတ်လုပ်နေ
ပါတယ်။ နိုင်ငံတကာစွမ်းအင် အေဂျင်စီရဲ့ ပညာရှင် ရောဘတ်ကယ်လီ (Robert Kelley) ပြောတာကတော့
နအဖရဲ့ အနုမြူစီမံကိန်းဟာ အခုလောလောဆယ်မှာတော့ ကနဦးအဆင့်မှာဘဲ ရှိနေပါသေးတယ်။ ဒါပေမယ့်
ဘယ်လိုပဲ ကနဦး အဆင့်လိုပဲ ပြောပြော၊ ကနဦးအဆင့် အောင်မြင်ရင် ရပ်သွားမှာမျိုး မဟုတ်ပဲ ဆက်ကာဆက်ကာ
တိုးပြီး လုပ်လာဖြစ်လို့ ကျနော်တို့ အလွန်အမင်း စိုးရိမ်နေပါတယ်။ နအဖဟာ ပလူတိုနီယမ် ဒါမှမဟုတ် အဆင့်မြင့်
သန့်စင်ပြီးသား ယူရေနီယမ်ကို ဝယ်ယူနိုင်စွမ်း ရှိနေပါတယ်။ ဒါ့ပြင် ပိုပြီးတောင် အဆင့်မြင့်တဲ့ တစိတ်တပိုင်း
ထုတ်လုပ် တပ်ဆင်ပြီးသား အနုမြူဗုံးနဲ့ အနုမြူဗုံး လုပ်နည်းကို မြောက်ကိုးရီးယားဆီက တိုက်ရိုက် ဝယ်ယူနိုင်
ပါတယ်။ ဒီလိုမျိုး နအဖက လုပ်နိုင်စွမ်း ရှိလိမ့်မယ်ဆိုတာ သိပ်ပြီးသိသာလှပါတယ်။ ဘာကြောင့်လဲဆိုတော့
နအဖဟာ Total ၊ Chevron စတဲ့ လောင်စာစွမ်းအင် ကုမ္ပဏီတွေနဲ့ပေါင်းပြီး သဘာဝ ဓါတ်ငွေ့ထုတ်နေရာကနေ
နိုင်ငံခြားငွေ အမြောက်အမြား ရနေတာကြောင့် ဖြစ်ပါတယ်။
ကမ္ဘာကြီးကို အနုမြူလက်နက်နဲ့ ခြိမ်းခြောက်တဲ့ နိုင်ငံတွေထဲမှာ နောက်ဆုံး ထွက်ပေါ်လာတာကတော့ နအဖ
စစ်အစိုးရပါဘဲလို့ ကျနော်တို့ ပြောဆိုခဲ့ပါတယ်။ ဒါဟာ အခုတော့ မှန်နေပါပြီ။ နောက်ထပ်ပြီး ကျနော်တို့ စုံစမ်း
ထောက်လှမ်းရရှိတဲ့ သတင်းတွေကို ဖော်ပြပါဦးမယ်။ ဒါတွေကလည်း တိကျမှန်ကန်တယ်လို့ ယုံကြည်နိုင်လောက်
တဲ့ အကြောင်းရင်းတွေ ကျနော်တို့ဆီမှာ ကောင်းကောင်းရှိနေပါတယ်။
စစ်အစိုးရ ထိပ်ဆုံးခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ မြန်မာနိုင်ငံမှာရှိတဲ့ ရှေးဟောင်းဘုရားတွေဆီကနေ
ဘုရားဌာပနာတွေ၊ ဘုရားကို လှူထားတဲ့ ရွှေတွေ၊ ဗုဒ္ဓဆင်းတုတော်တွေကသိုာမက ဘုရားစိန်ဖူးတော်က စိန်နဲ့
အခြား ကျောက်မျက်ရတနာတွေကိုပါ ခိုးယူနေပါတယ်။ အဲဒီလို ခိုးပြီးတဲ့နောက် တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်နဲ့
အခြားသူတွေကို ပြန်ရောင်းနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
တရုတ်ကိုရောင်းလိုက်တာဟာ အနည်းဆုံး (၂)ကြိမ်တော့ ရှိနေပါပြီ။ ဘုရားတွေဆီက အကြိမ်ကြိမ်ခိုးပြီး
ရောင်းနေတာကြောင့် ဗိုလ်ချုပ်သန်းရွှေရဲ့ ဓနအင်အားဟာ အလွန့်ကို ကြီးမား များပြားနေပြီ ဖြစ်ပါတယ်။ အဲဒီလို
ခိုးရောင်းနေတာတွေထဲက အနည်းအကျဉ်းလောက်ကို စစ်တပ်အသုံးစရိတ်အတွက် သုံးတယ်လို့ သိရပါတယ်။
ခိုးရာပါ ပစ္စည်း စတိလောက် မျှဝေပြီး သူခိုး သေဖော်ညှိလိုက်တဲ့ သဘောပါဘဲ။
ပုဂံက ဘုရားတွေအပြင် မန္တလေးတဝိုက်က ဘုရားတွေဆီက ဌာပနာတွေနဲ့ ရှေးဟောင်း ကျောက်မျက်ရတနာ
တွေကိုလည်း ဗိုလ်ချုပ်သန်းရွှေ ခိုးယူနေခ့ပဲါတယ်။ ဒလမြို့က ဓနုတ်ဘုရားနဲ့ သထုံမြို့က မြသပိတ် ဘုရားတွေလည်း
အခိုးခံရပါတယ်။ အခိုးခံရတဲ့ ပစ္စည်းအစစ်တွေနေရာမှာ အတုတွေနဲ့ အစားထိုးပြီး ပြန်လည် တပ်ဆင်ထားပါတယ်။
စစ်အာဏာရှင်တွေ အုပ်စိုးလာခဲ့ကြတဲ့ ဒီဘက်ခေတ်မှာ ရှေးဟောင်းဘုရားတွေ၊ သမိုင်းဝင် အဆောက်အအုံတွေကို
ပြန်လည် ပြုပြင် မွမ်းမံတာမှန်သမျှ သံသယဖြစ်စရာ ရှိနေရပါပြီ။ ဗိုလ်ချုပ်သန်းရွှေမှာ တိုင်းရင်းသားတွေရဲ့ ရိုးရာ
ဓလေ့ အစဉ်အလာကို ထိန်းသိမ်းတဲ့ ရှေးဟောင်းအမွေအနှစ်တွေကိုပါ ခိုးယူ ဖျောက်ဖျက်ဖို့ ရည်ရွယ်ချက် ရှိနေ
ပါတယ်။ သူဟာ ဘုန်းကြီးလို အယောင်ဆောင်ထားတဲ့ ထောက်လှမ်းရေး တပ်ဖ့ဝွဲ င်တွေကို တိုင်းရင်းသား
နယ်မြေတွေဆီ စေလွှတ်နေပါတယ်။ မွန်၊ ကရင်နဲ့ ကချင်ပြည်နယ်တွေမှာ တိုင်းရင်းသား ရိုးရာအမွေအနှစ်တွေကို
စစ်တပ် ထောက်လှမ်းရေးတွေက လာခိုးကြတယ်လို့ ကျနော်တို့ သတင်းရရှိထားပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ
တိုင်းရင်းသားတွေရဲ့ ရိုးရာ အမွေအနှစ်ကို ဖျက်ဆီးပစ်တာ ဖြစ်ရုံမက တိုင်းရင်းသားတွေရဲ့ဝိသေသလက္ခဏာကိုပါ
တခါတည်း ဖျောက်ဖျက်ပစ်နေတာလည်း ဖြစ်ပါတယ်။
Total ၊ Chevron စတဲ့ လောင်စာစွမ်းအင် ကုမ္ပဏီတွေနဲ့ပေါင်းပြီး ထုတ်နေတဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ အပါအဝင်
မြန်မာ့သယံဇာတတွေ၊ ကျွန်းနဲ့ အခြားသစ်မျိုးစုံ၊ တွင်းထွက်ကျောက်မျက်ရတနာတွေကို ဗိုလ်ချုပ်သန်းရွှေ
ဦးဆောင်တဲ့ နအဖ စစ်ခေါင်းဆောင်တွေ ခိုးယူနေတာ တကမ္ဘာလုံး အသိပါ။ ဗိုလ်ချုပ်သန်းရွှေရဲ့ အတောမသတ်
နိုင်တဲ့ လောဘဇောကြောင့် သူ ကာကွယ်စောင့်ရှောက်နေပါတယ်လို့ ပြောပြောနေတဲ့ မြန်မာ့ဓန၊ မြန်မာ့အလှကို
သူကိုယ်တိုင် အကြီးအကျယ် ဖျက်ဆီးပစ်နေတာ ဖုံးဖိလို့ မရအောင် လူသိထင်ရှား ဖြစ်လာပါပြီ။
အရှက်သိက္ခာမရှိ၊ သံသရာ ဝဋ်ဆင်းရဲကို မကြောက်ပဲ အခုလိုမျိုး ခိုးယူနေတာတွေဟာ ဘာကြောင့်ပါလဲ။ ဖြစ်နိုင်
စရာ နှစ်ချက် ရှိပါတယ်။ ပထမအချက်က ဗိုလ်ချုပ်သန်းရွှေနဲ့ သူ့ဇနီး ဒေါ်ကြိုင်ကြိုင်တို့မှာ ဘာမှ စောင့်ထိန်းစရာ
မလိုတော့လောက်အောင်ကို လက်ညှိုးညွှန်ရာ ရေဖြစ်စေနိုင်တဲ့ အကြွင်းမဲ့ အာဏာကို ပိုင်ဆိုင်နေပြီ ဖြစ်တယ်လို့
သူတို့ စိတ်ထဲမှာ တထစ်ချ စွဲမှတ်ထားတာကြောင့် ဖြစ်ပါတယ်။ ဒုတိယ ဖြစ်နိုင်တဲ့အချက်က ဗိုလ်ချုပ်သန်းရွှေ
အနေနဲ့ သူ့အာဏာ ကုန်ဆုံးချိန် ရောက်သွားပြီလို့ အတတ်သိလိုက်တဲ့အခါမှာ စိုးရိမ်ပူပန်စိတ်တွေ ကြီးထွားလာတဲ့
အတွက် ရသမျှ သိမ်းကြုံးယူဆောင်ပြီး တရုတ် ဒါမှမဟုတ် စင်ကာပူ နိုင်ငံကို ထွက်ပြေးဖို့ ကြိုးပမ်းလိုတာကြောင့်
ဖြစ်ပါတယ်။
သူတော်ကောင်းတွေလက်ထက် မြန်မာနိုင်ငံကြီး ပြန်လည် လွတ်မြောက်လာတဲ့အခါမှာ ရှေးဟောင်းဘုရား၊ ပုထိုး၊
စေတီတွေကို ပြန်လည် စစ်ဆေးကြည့်ရှုရပါမယ်။ အဲဒီအခါမှာ တန်ဖိုးဖြတ်လို့မရလောက်အောင် တန်ဖိုးကြီးမားတဲ့
မြန်မာ့အမွေအနှစ်တွေ ပျောက်ဆုံးနေတာကို တွေ့ကြရပါမယ်။ ဒါပေမယ့် ဒါတွေကို ဘယ်သူတွေက ခိုးယူသွားခဲ့
သလဲ ဆိုတာကိုတော့ မြန်မာပြည်သူတွေ သိနေကြမှာပါ။
Dictator Watch
မြန်မာဘာသာပြန် - လွင်အောင်စိုး
၁၉-၆-၂ဝ၁ဝ